ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေက အသင်းဖော် ဂျရူးနှင့် တင်းမာမှုရှိခဲ့ကြောင်း ဝန်ခံခဲ့သော်လည်း မဖြစ်စလောက် အသေးအမွှားအချင်းများမှုတစ်ခုသာဖြစ်သည်ဟု ဂျာမနီနှင့်ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ပြင်သစ်ဝါရင့်တိုက်စစ်မှူး ဂျရူးသည် ဘူလ်ဂေးရီးယားအသင်းကို (၃-၀)ဂိုးဖြင့် အနိုင်ရခဲ့သည့် ခြေစမ်းပွဲတွင် ဘန်ဇီမာ၏နေရာ၌ လူစားဝင်ကစားကာ (၂)ဂိုးသွင်းယူခဲ့သော်လည်း ပွဲအပြီးတွင် အသင်းဖော်များအနေဖြင့် မိမိကို ဘောလုံးပေးမကစားခဲ့ကြောင်း ဘာပေကို ရည်ရွယ်ကာ ပြစ်တင်ပြောကြားခဲ့ခြင်းကြောင့် ၎င်းတို့နှစ်ဦးအကြား အဖုအထစ်ဖြစ်နေပြီဖြစ်ကြောင်း မီဒီယာများက သုံးသပ်ဖော်ပြခဲ့ကြသည်။
ယခုအခါ ယင်းအခြေအနေနှင့် ပတ်သက်၍ ဘာပေအား မေးမြန်းခဲ့ရာ ၎င်းက မှန်ကန်ကြောင်း ဝန်ခံပြော ကြားခဲ့ခြင်းဖြစ်သည်။
ဘာပေက ''ဘာတွေဖြစ်ခဲ့သလဲဆိုတာ အားလုံးသိတဲ့အတိုင်းပါပဲ။ မှန်ပါတယ်။ ဒီအတွက် ကျွန်တော် စိတ်နည်းနည်းထိခိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စကို ကြီးမားတဲ့အကြောင်းအရာ မဖြစ်စေချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ပြင်သစ်နိုင်ငံကို ကိုယ်စားပြုနေတာကြောင့်ပါ။ ဒါက အရေးအကြီးဆုံးအရာပါ။ သူပြောခဲ့တဲ့စကားက ကျွန်တော့်ကို ဒီထက်လည်း စိတ်အနှောင့်အယှက်မဖြစ်စေပါဘူး။ ကျွန်တော်ကတော့ တိုက်စစ်မှူးတစ်ယောက်ဖြစ်လို့ ဒီလိုခံစားချက်မျိုးကို ပွဲတစ်ပွဲမှာ (၃၆၅)ခါလောက် ခံစားရပါတယ်။ ပွဲအပြီးမှာ ကျွန်တော် သူ့ကို ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ သူ ဘာမှ ပြန်မပြောပါဘူး။ ပြီးတော့ မီဒီယာကအသံတွေကို ကျွန်တော် ကြားရပါတယ်။ သူ ဘာမှ ဆိုးဆိုးရွားရွားမပြောခဲ့ပါဘူး။ ဒါ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အသေးအမွှားကိစ္စ လေးပါပဲ''ဟု ပြောကြားခဲ့သည်။
ဂျာနယ်လစ်တစ်ဦးက ''ဂျရူးထက် ဘန်ဇီမာနှင့် နေမာတို့ကို ဘောလုံးပိုပေးခဲ့ကစားတာကို ဘာပြောချင်သလဲ''ဟု မေးမြန်းခဲ့ရာတွင်လည်း ဘာပေက ''ကျွန်တော်က ဂျရူးကို ဘောလုံးမပေးချင်ဘူးလို့ ခင်ဗျားပြောနေတာလား။ နေမာက ပွဲတစ်ပွဲမှာ ဘောလုံးနဲ့ အကြိမ်(၁၅၀)လောက်ထိပြီး ဘန်ဇီမာက အကြိမ်(၈၀)လောက် ထိတွေ့ပါတယ်။ ဂျရူးက တိုက်စစ်ဇုန်ထဲ ပိုနေရာယူပြီး ဘောလုံးလက်ခံတဲ့သူပါ။ ကစားသမားတွေရဲ့ပုံစံချင်း ခြားနားပါတယ်။ ဒီအတွက် အငြင်းပွားဖို့ မလိုအပ်ပါဘူး''ဟု တုံ့ပြန်ဖြေဆိုခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
