အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရ သူအရေအတွက်စုစုပေါင်းမှာ စက်တင်ဘာ ၁၆ ရက်တွင် ငါးသန်းကျော်သွားခဲ့ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
ရက်ပေါင်း ၁၁ ရက်အတွင်း အိန္ဒိယနိုင်ငံ၌ ပိုးတွေ့လူနာ တစ်သန်းစံချိန်တင် တွေ့ရှိခဲ့ခြင်းနှင့်အတူ လက်ရှိတွင် အိန္ဒိယ၌ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၅.၀၂ သန်း ရှိနေပြီး ကူးစက်သူအရေအတွက် ၆.၅၉ သန်းရှိနေသည့် အမေရိကန်နိုင်ငံနှင့် ယှဉ်ပါက အရေအတွက်အနည်းငယ်သာ ပိုများနေသည်ကို တွေ့ရသည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် နေ့အလိုက်ဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက် အမြင့်ဆုံးနိုင်ငံအဖြစ် စံချိန်တင်နေသည်မှာ အချိန်ကြာမြင့်နေပြီဖြစ်ပြီး စက်တင်ဘာ ၁၆ ရက်တစ်နေ့တည်းအတွင်း အိန္ဒိယ၌ ရောဂါ ပိုးကူးစက်ခံရသူ ၉၀၀၀၀ ကျော်ရှိပြီး သေဆုံးသူ ၁၂၉၀ ဦး ရှိခဲ့သည်။
ရက်ပေါင်း ၁၆၇ ရက်အတွင်း အိန္ဒိယ၌ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ အရေအတွက်စုစုပေါင်း တစ်သန်းသို့ ရောက်ရှိလာခဲ့ပြီးနောက် ၂၁ ရက်အတွင်း ဗိုင်းရပ်စ်ကူးစက်ခံရသူ နောက်ထပ်တစ်သန်း ထပ်တိုးလာခဲ့ ရာ ယင်းနှုန်းသည် အမေရိကန်နှင့်ဘရာဇီးတွင် ဖြစ်ပွားနေသော ကူးစက်မှုနှုန်းထက် ပိုမိုမြန်ဆန်နေကြောင်း Time of India က ဖော်ပြခဲ့သည်။
နိုင်ငံတွင်း၌ ကူးစက်သူအရေအတွက် နှစ်သန်းသို့ ရောက်ရှိခဲ့ပြီးနောက် ရက်ပေါင်း ၂၉ ရက်မျှအကြာတွင် အိန္ဒိယသည် အမေရိကန်နှင့် ဘရာဇီးပြီးပါက ကမ္ဘာပေါ်တွင် ဗိုင်းရပ်စ်ကူးစက်သူအရေအတွက် လေးသန်း ကျော်သွားခဲ့သည့် တတိယမြောက်နိုင်ငံဖြစ် လာခဲ့ပြီး အိန္ဒိယရှိ ရောဂါပိုးကူးစက်ခံရသူအရေအတွက်သည် ယခုလအတွင်း၌ပင် ဘရာဇီးကို ကျော်တက်သွားခဲ့သည်။
လက်ရှိတွင် အိန္ဒိယ၌ နေ့စဉ် လူတစ်သန်းနီးပါးကို ရောဂါပိုးစမ်းသပ်စစ်ဆေးမှုများ လုပ်ဆောင်နေသော်လည်း ပါရဂူများကမူ ထိုကဲ့သို့ ရောဂါပိုးစမ်းသပ်စစ်ဆေးခြင်းသည် လုံလောက်မှု မရှိကြောင်းနှင့် နိုင်ငံတွင်း၌ ဗိုင်းရပ်စ်ကူးစက်ခံထားရသူ အရေအတွက်အမှန်သည် တရားဝင်ထုတ်ပြန်ထားသည်ထက် ပိုမိုများပြားနိုင်ဖွယ်ရှိကြောင်း ပြောကြားထားကြသည်။
ကမ္ဘာတွင် အတင်းကျပ်ဆုံးသော ပိတ်ဆို့ကန့်သတ်မှုများကို ဆောင်ရွက်ခဲ့သော်လည်း အိန္ဒိယသည် ယိမ်းယိုင်နေသော စီးပွားရေးကို အထောက်အကူ ဖြစ်ရန်အတွက် တင်းကျပ်မှုများကို လျှော့ချပေးနေခဲ့သည်။ ဗိုင်းရပ်စ်ကူးစက်မှု မြင့်တက်နေသော်လည်း တင်းကျပ်မှုများ လျှော့ချပေးခဲ့မှုက ဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်ဖွယ် ရှိသည်ဟု လူထုကို သတင်းစကား အမှား ပေးပို့ခဲ့သလိုဖြစ်ကြောင်း အိန္ဒိယ ပရဟိတကျန်းမာရေးအဖွဲ့ Public Health Foundation of India ၏ ဥက္ကဋ္ဌ ကေစရီနတ်ရက်ဒီက ပြောကြားခဲ့သည်။ ယခုအခါ ဗိုင်းရပ်စ်ကူးစက်မှု ပိုဆိုးလာပြီး မြို့ငယ်များတွင် ပို၍ကူးစက်နေသည်ဟု ၎င်းက ပြောခဲ့သည်။
အိန္ဒိယသည် ကမ္ဘာပေါ်တွင် ကျန်းမာရေးစောင့်ရှောက်မှုစနစ် အားအနည်းဆုံး နိုင်ငံများထဲတွင် အပါအဝင်ဖြစ်ပြီး လူဦးရေ ၁.၃ ဘီလျံနေထိုင်ရာ အိန္ဒိယ၌ လူနေအလွန်ထူထပ်သည့် မြို့များရှိသည်။ အိန္ဒိယ၏ GDP သည် ယခုနှစ် ပထမသုံးလပတ်အတွင်း ၂၄ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားခဲ့ပြီး စီးပွားရေးအင်အားကြီး နိုင်ငံများအကြား GDP ကျဆင်းမှုနှုန်း အများဆုံးတွင် အပါအဝင်ဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
