တရုတ်တွင် ထုတ်လုပ်နေသော ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် အစောဆုံး နိုဝင်ဘာတွင် အများပြည်သူ အသုံးပြုရန် အသင့်ဖြစ်နိုင်ဖွယ် ရှိကြောင်း တရုတ် ရောဂါထိန်းချုပ် ကာကွယ်ရေးအဖွဲ့ (CDC) က ပြောကြားခဲ့သည်။
တရုတ်တွင် လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့်ကို ရောက်ရှိနေသော စမ်းသပ်ကာကွယ်ဆေး လေးမျိုးရှိထားပြီး ယင်းတို့အနက်မှ သုံးမျိုးကို အရေးကြီးအလုပ်သမားများအား ထိုးနှံထားပြီး ဖြစ်သည်။ တရုတ်အာဏာပိုင်များက ဇူလိုင်တွင် ကာကွယ်ဆေး အရေးပေါ်အသုံးပြုနိုင်ရေး အစီအစဉ်ကို ဆောင်ရွက်ခဲ့ပြီး ယင်းအစီအစဉ်အရ စမ်းသပ်ကာကွယ်ဆေးများကို အရေးကြီးအလုပ်သမားများအား ထိုးနှံပေးခဲ့ခြင်း ဖြစ်သည်။
အဆင့် (၃) စမ်းသပ်မှုများကို ချောမွေ့စွာ ဆောင်ရွက်နေပြီး နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာတွင် အများပြည်သူအတွက် ကာကွယ်ဆေးများ အသင့်ဖြစ်နိုင်ဖွယ်ရှိကြောင်း CDC ၏ ဇီဝလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူ ကွေကျန်းဝူက အစိုးရရုပ်သံနှင့် အင်တာဗျူးတွင် စက်တင်ဘာ ၁၄ နှောင်းပိုင်းက ပြောကြားခဲ့သည်။
ဧပြီတွင် စမ်းသပ်ကာကွယ်ဆေးကို ကိုယ်တိုင်အထိုးခံထားသော ဝူက သူ့တွင် မကြာသေးခင်လများအတွင် ပုံမှန်မဟုတ်သော ရောဂါလက္ခဏာ ပြသခဲ့ခြင်းမရှိဟု ပြောကြားခဲ့သည်။ ဝူက ၎င်းအစမ်းသပ်ခံခဲ့သော ကာကွယ်ဆေးနှင့်ပတ်သက်၍ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပေ။
တရုတ်ဆေးထုတ်လုပ်ရေး ကုမ္ပဏီကြီး (Sinopharm) ၏ ကုမ္ပဏီခွဲတစ်ခုနှင့် အမေရိကန်တွင် စတော့စျေးကွက်ဖွင့်ထားသော Sinovac Biotech တို့သည် တရုတ်အစိုးရ၏ အရေးပေါ်အစီအစဉ်အရ ကာကွယ်ဆေးသုံးမျိုးကို ထုတ်လုပ်နေသည်။ CanSino Biologics က ထုတ်လုပ်သော ကာကွယ်ဆေး နောက်တစ်မျိုးကို အသုံးပြုရန် ခွင့်ပြုချက်အား ဇွန်တွင် တရုတ်စစ်တပ်က သဘောတူခဲ့ပြီး ဖြစ်သည်။
Sinopharm က ၎င်း၏ကာကွယ်ဆေးကို အဆင့် (၃) စမ်းသပ်မှုများ ပြီးလျှင် ယခုနှစ်ကုန်မတိုင်မီ၌ အများပြည်သူ အသုံးပြုရန် အသင့်ဖြစ်မည်ဟု ပြောကြားထားသည်။
ကမ္ဘာတစ်ဝန်း လူ ၉၂၅,၀၀၀ ကျော် သေဆုံးစေခဲ့သော ကိုရိုနာဗိုင်းရပ်စ်အတွက် ကာကွယ်ဆေးထုတ်လုပ်ရန် ကမ္ဘာ့ဆေးကုမ္ပဏီများက အပြိုင်အဆိုင် ကြိုးပမ်းနေသည်။ အနောက်တိုင်း ကာကွယ်ဆေး ထုတ်လုပ်သူများက သိပ္ပံဆိုင်ရာ စံနှုန်းများကို အလျှော့ပေးမည် မဟုတ်ဟု ယခုလအစောပိုင်း၌ ပြောကြားခဲ့ပြီး လုပ်ငန်းစဉ် မြန်ဆန်ရန် နိုင်ငံရေးဖိအားများကို ပယ်ချခဲ့သည်။
ရုရှားက သြဂုတ် အစောပိုင်းတွင် ၎င်းတို့၏ကာကွယ်ဆေးကို နိုင်ငံတွင်းသုံးရန် ခွင့်ပြုပေးခဲ့ပြီး သိပ္ပံလေ့လာမှုဆိုင်ရာ အချက်အလက်များ မထုတ်ပြန်မီ ကာကွယ်ဆေးကို ခွင့်ပြုချက်ပေးခဲ့သော ပထမဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ ရုရှားက ကာကွယ်ဆေးကို Sputinik ဟု အမည်ပေးထားပြီး ထုတ်လုပ်သူများက အကြီးစားစမ်းသပ်မှုများ ဆောင်ရွက်ရန် ပြင်ဆင်နေစဉ် အများပြည်သူသို့ ထုတ်ပေးခဲ့ခြင်း ဖြစ်သည်။
ရုရှားကာကွယ်ဆေးကို စမ်းသပ်လေ့လာမှုရလဒ်များကို စက်တင်ဘာ ၄ တွင် Lancet ဆေးပညာ ဂျာနယ်၌ ဖော်ပြခဲ့ရာ ပါဝင်စမ်းသပ်သူ ၇၆ ဦးစလုံး ဘေးထွက်ဆိုးကျိုးသက်ရောက်မှု ကြီးကြီးမားမား မရှိခဲ့ဟု ပါရှိခဲ့ရာ ရုရှားအစိုးရက ယင်းရလဒ်များကို ချီးကျုးခဲ့ပြီး ဝေဖန်မှုများကို တုံ့ပြန်ခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် စမ်းသပ်ထုတ်လုပ်နေသော ကာကွယ်ဆေး ၂၀၀ ကျော်ရှိပြီး ၂၄ မျိုးထက်မနည်းသည် လူများတွင် စမ်းသပ်သည့်အဆင့်သို့ ရောက်ရှိနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
