အိန္ဒိယနိုင်ငံတွင် စက်တင်ဘာ ၁၅ ၌ နေ့အလိုက် ဗိုင်းရပ်စ်ကူးစက်သူသစ် ၈၃,၈၀၉ ဦးရှိပြီး သီတင်းတစ်ပတ်အတွင်း နေ့အလိုက် ကူးစက်သူအနည်းဆုံး ဖြစ်ခဲ့သည်။ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁၅ တွင် နေ့အလိုက် သေဆုံးသူ ၁၀,၅၄ ဦးရှိပြီး ကပ်ရောဂါ စတင်ဖြစ်ချိန်မှ စ၍သေဆုံးသူ စုစုပေါင်း ၈၀,၇၇၆ ဦးအထိ ရှိလာခဲ့သည်။
အိန္ဒိယတွင် အတည်ပြု ကူးစက်လူနာအရေအတွက်မှာ ၄.၉၃ သန်း ရှိလာခဲ့ပြီး ကမ္ဘာပေါ်တွင် ကူးစက်မှုအများဆုံးဖြစ်သည့် အမေရိကန်ပြီးနောက် ကူးစက်သူ ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာခဲ့သည်။ လွန်ခဲ့သော သီတင်းတစ်ပတ်အတွင်း အတည်ပြု ကူးစက်လူနာသစ် ခြောက်သိန်းကျော် မြင့်တက်ခဲ့သည်။
သို့ရာတွင် အိန္ဒိယသည် ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ကူးစက်ခံရမှုမှ ပြန်လည်ကောင်းမွန်လာသည့် လူနာအများဆုံးရှိသည့် နိုင်ငံဖြစ်သည်ဟု ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်ခဲ့သည်။ အိန္ဒိယတွင် ဗိုင်းရပ်စ်ကူးစက်မှုမှ ပြန်လည်ကောင်းမွန်မှုနှုန်းမှာ ၇၇.၈ ရာခိုင်နှုန်းရှိပြီး ကူးစက်ခံရသူ ၃.၈ သန်း ပြန်လည်ကောင်းမွန်ခဲ့သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။
အိန္ဒိယတွင် အတည်ပြုလူနာ တစ်သန်းရှိသည့် မဟာရက်ရှ်ထရာပြည်နယ်သည် ဗိုင်းရပ်စ်ကူးစက်မှုကို အဆိုးရွားဆုံးခံစားရသည့် ပြည်နယ်ဖြစ်ပြီး အင်ဒရာပရာဒေ့ရှ်၊ တမီလ်နာဒူ၊ ကာနာတာကာနှင့် ဥတ္တရပရာ ဒေ့ရှ်ပြည်နယ်များသည် ဗိုင်းရပ်စ်ကူးစက်မှု များသည့်ပြည်နယ်များ ဖြစ်သည်။
နိုင်ငံတစ်ဝန်း အသွားအလာ ပိတ်ဆို့ကန့်သတ်မှုကို တင်းတင်းကျပ်ကျပ် ချမှတ်ထားချိန်အတွင်း ရွှေ့ပြောင်းလုပ်သား ၁၀ သန်းကျော်မှာ သက်ဆိုင်ရာ ဇာတိမြေများကို ပြန်သွားခဲ့ကြသည်ဟု ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ငါးလကျော်ကြာပိတ်ထားခဲ့ပြီးနောက် စက်တင်ဘာ ၁၄ တွင် ပြန်လည်ဖွင့်လှစ်ခဲ့သော ပါလီမန်က ထုတ်ပြန်ခဲ့သည်။ သို့ရာတွင် ရွှေ့ပြောင်းအခြေချအရေအတွက် မည်မျှသေဆုံးခဲ့သည့် အချက်အလက် ထုတ်ပြန်ထားခြင်း မရှိပေ။
ဝန်ကြီးချုပ် နရင်ဒရာမိုဒီက မတ်လ ၂၄ တွင် နိုင်ငံတစ်ဝန်း အသွားအလာ ကန့်သတ်ချက်ထုတ်ပြန်ခဲ့ချိန်၌ ရွှေ့ပြောင်းအလုပ်သမားများသည် ငွေကြေးပြတ်လပ်ပြီး အငတ်ဘေးကြုံရမည်ကို စိုးရိမ်သောကြောင့် ၎င်းတို့၏နေရပ်ဖြစ်သည့် ကျေးလက်ဒေသများကို ပြန်လည်ထွက်ခွာခဲ့ကြသည်။ ယခုကဲ့သို့ ရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ခြင်းမှာ နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့ခြင်း၏ အဓိကအကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။
အိန္ဒိယသည် အသွားအလာ ကန့်သတ်ပိတ်ဆို့မှုကြောင့် စီးပွားရေးအကျပ်အတည်းကို ဆိုးရွားစွာ ခံစားခဲ့ရပြီး ကမ္ဘာ့အင်အားကြီး စီးပွားရေးနိုင်ငံများတွင် အပါအဝင်ဖြစ်သော အိန္ဒိယ၏စီးပွားရေးမှာ ဒုတိယ သုံးလပတ်အတွင်း ၂၄ ရာခိုင်နှုန်းနီးပါး ကျဆင်းခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
