စက်တင်ဘာ ၁၆ ရက်က ပြင်သစ်နိုင်ငံတွင် အထူးကြပ်မတ်ကုသဆောင်များအတွင်း ကုသမှုခံယူလျက်ရှိသည့် COVID-19 လူနာအရေအတွက်သည် ရက်ပေါင်း ၂၀ ဆက်တိုက် မြင့်တက်လာပြီး သုံးလအတွင်း ၈၀၃ ဦးအထိ ရှိလာကာ နေ့အလိုက် ကူးစက်မှုနှုန်း တတိယအများဆုံး ဖြစ်လာခဲ့သည်။
ပြင်သစ်ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ရောဂါကူးစက်ခံရသူ အသစ် ၉၇၈၄ ဦး ရှိခဲ့ပြီး ကူးစက်သူ ၁၀၅၆၁ ဦးဖြင့် နေ့အလိုက် ကူးစက်မှုအများဆုံး စံချိန်တင်ထားသည့် စက်တင်ဘာ ၁၂ ရက်ထက် အနည်းငယ်သာ လျော့ကျခဲ့သည်။ ထို့ပြင် ရောဂါကူးစက်ခံရသူစုစုပေါင်း ၄၀၄၈၈၈ ဦးအထိ ရှိလာခဲ့ပြီး အနောက်ဥရောပ၌ စပိန်နိုင်ငံပြီးလျှင် ကူးစက်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်လာခဲ့သည်။
ရောဂါကူးစက်မှုများသည် အချို့နေရာများတွင် ပိုမိုလျင်မြန်လာကြောင်း ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်က အဲ့လ်ပ်တောင်တန်းတွင်ကျင်းပနေသည့် Tour de France စက်ဘီးပြိုင်ပွဲသို့ ရောက်ရှိလာစဉ် သတင်းထောက်များအား ပြောကြားခဲ့သည်။
“ဗိုင်းရပ်စ်ဟာ ပြင်သစ်ကိုရောက်နေတာ လတွေ တော်တော်ကြာနေပါပြီ။ အဲဒီဗိုင်းရပ်စ်ဟာ ပြင်သစ်နဲ့ ဥရောပ နေရာအနှံ့အပြားကို ပျံ့နှံ့သွားပါလိမ့်မယ်” ဟု မက်ခရွန်က ပြောကြားလျက် လူ့အသက်များအား ကယ်တင်ရန် ကျန်းမာရေးစည်းမျဉ်းများကို လိုက်နာသွားရမည်ဟု ထပ်လောင်းပြောကြားခဲ့သည်။
အထူးကြပ်မတ်ကုသဆောင်များတွင် ကူသမှုခံယူနေသည့် လူနာအရေအတွက်မှာ ၇၁၄၈ ဦးနှင့် အမြင့်ဆုံး စံချိန်တင်ခဲ့သည့် ဧပြီလ ၈ ရက်နှင့် နှိုင်းယှဉ်ကြည့်လျှင် ကိုးဆနီးပါး လျော့နည်းနေသေးသော်လည်း တစ်ရိပ်ရိပ်တိုးလာသည့် လူနာအရေအတွက်သည် မာဆေးမြို့ကဲ့သို့သော အချို့နေရာများတွင် ကျန်းမာရေးစနစ်အပေါ် ဝန်ပိလာစေခဲ့သည်။
စက်တင်ဘာ ၁၆ ရက်က COVID-19 ကြောင့် ဆေးရုံတင်ရသည့်လူနာပေါင်း ၁၄၀ ဦးရှိခဲ့ပြီး သုံးရက်ဆက်တိုက် ဆေးရုံတင်ရသည့်လူနာ ၁၀၀ ကျော်ရှိသည့် တတိယမြောက်နေ့ ဖြစ်လာခဲ့သည်။
စက်တင်ဘာ ၁၆ ရက်တွင် COVID-19 ကူးစက်မှုကြောင့် သေဆုံးသူ ၄၆ ဦးရှိခဲ့ကာ သေဆုံးသူစုစုပေါင်း ၃၁၀၄၅ ဦးအထိ မြင့်တက်လာခဲ့သည်။
စက်တင်ဘာ ၁၆ ရက်က သေဆုံးသူနှုန်းသည် ပြီးခဲ့သည့် ၇ ရက်အတွင်း တစ်ရက်လျှင် ပျမ်းမျှသေဆုံးမှုနှုန်း ၃၆ ဦးထက် ပိုမိုများပြားခဲ့ပြီး ယခုလအစပိုင်းမှစပြီး အမြင့်ဆုံးဖြစ်လာခဲ့သည်။
အနောက်ဥရောပတွင် ဗိုင်းရပ်စ်ကူးစက်မှုအများဆုံး စပိန်နိုင်ငံတွင်မူ မြို့ပြနေရာများတွင် Lockdown များ သီးသန့်စီ ချမှတ်သွားမည်ဟု ကျန်းမာရေးအာဏာပိုင်များက စက်တင်ဘာ ၁၆ တွင် ထုတ်ပြန်ခဲ့သည်။
လှုပ်ရှားသွားလာမှုများကို ကန့်သတ်မှုများအပါအဝင် မက်ဒရစ်မြို့တော်တွင် ချမှတ်မည့် စီမံချက်များသည် သြဂုတ်လကတည်းက ကူးစက်မှုများ ပုံမှန်မြင့်တက်နေသည့် အလုပ်သမားမိသားစုများနေထိုင်ရာ မက်ဒရစ်တောင်ပိုင်း အိမ်နီးချင်းဒေသများပါ အကျုံးဝင်သက်ရောက်မည်ဟု ဒေသခံကျန်းမာရေးအကြီးအကဲ အန်တိုနီယိုဇာပါတာရိုက ပြောကြားခဲ့သည်။
လူဦးရေ ၆.၆ သန်း နေထိုင်သည့် မက်ဒရစ်မြို့တော်နှင့်တစ်ဝိုက်တွင် တစ်နိုင်ငံလုံး နေ့အလိုက် ကူးစက်မှုစုစုပေါင်း၏ သုံးပုံတစ်ပုံရှိခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်း တစ်ရက်လျှင်ပျမ်းမျှကူးစက်သူပေါင်း ၈၂၀၀ အထိ ရှိခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
