ကာကွယ်ဆေးရောင်းချမှု သဘောတူညီချက်များနှင့်စပ်လျဉ်း၍ ဖိလစ်ပိုင်သည် COVID-19 ကာကွယ်ဆေး ထုတ်လုပ်နေသော ကုမ္ပဏီအများအပြားနှင့် ဆက်လက်ညှိနှိုင်းနေကြောင်း ဖိလစ်ပိုင်ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ကာကွယ်ဆေး ကြိုတင်မှာယူကြေး သို့မဟုတ် ကာကွယ်ဆေးအတွက် ကြိုတင်ငွေပေးချေရန် တောင်းဆိုနေမှုအတွက် အနောက်တိုင်းဆေးကုမ္ပဏီများအား ဖိလစ်ပိုင်သမ္မတဒူတာတေးက ဝေဖန်ပြစ်တင်ခဲ့ကာ တရုတ်နှင့် ရုရှားထံမှ ကာကွယ်ဆေးများကိုသာ ဝယ်ယူလိုကြောင်း ပြောကြားခဲ့ပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန၏ ယခုထုတ်ပြန်ချက် ထွက်ရှိလာခဲ့ခြင်းဖြစ်သည်။
အရှေ့တောင်အာရှတွင် ဗိုင်းရပ်စ်ကူးစက်မှု အများဆုံးနိုင်ငံဖြစ်ပြီး သေဆုံးသူအရေအတွက် ဒုတိယအများဆုံးနိုင်ငံဖြစ်သည့် ဖိလစ်ပိုင်သည် ကာကွယ်ဆေးကုမ္ပဏီများအတွက် စျေးကွက်ကြီးတစ်ခု ဖြစ်နေသည်။
“ညှိနှိုင်းဆွေးနွေးမှုကို ကျွန်မတို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ ဆွေးနွေးမှုတွေ လုပ်ဆောင်နေချိန်အတွင်းမှာ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ စောင်းမြောင်းပြောကြားတာတွေ ရှိနေပေမယ့်လည်း ကြိုတင်ငွေပေးချေဖို့ တရားဝင်တောင်းဆိုတဲ့ ကာကွယ်ဆေးကုမ္ပဏီမရှိသေးပါဘူး” ဟု ကျန်းမာရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းရေးမှူး မာရီယာရိုဆာရီရိုဗာဂျီရီက ရိုက်တာသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးစီးလုပ်ဆောင်သော ကာကွယ်ဆေးစမ်းသပ်မှုများနှင့် ကာကွယ်ဆေးခွဲတန်းချမှု အစီအစဉ်တွင် ဖိလစ်ပိုင်က ပူးပေါင်းပါဝင်ထားပြီး ဖိလစ်ပိုင်သည် ဆေးကုမ္ပဏီများ၏ ကာကွယ်ဆေးအဆင့် (၃) စမ်းသပ်မှုများ လုပ်ဆောင်ရန် နေရာအဖြစ် အထောက်အကူပြုနေကြောင်း မာရီယာက ဆိုသည်။
လက်တွေ့စမ်းသပ်မှုများ လုပ်ဆောင်နေဆဲအခြေအနေတွင် ရှိနေသည့် ကာကွယ်ဆေးများအတွက် ကြိုတင်ငွေပေးချေရန် တောင်းခံနေသော အနောက်တိုင်းဆေးကုမ္ပဏီများကို သမ္မတဒူတာတေးက စက်တင်ဘာ ၁၄ ရက်တွင် ဝေဖန်ခဲ့ပြီး ရုရှား သို့မဟုတ် တရုတ်ထံမှ ကာကွယ်ဆေးများကိုသာ ဦးစားပေးဝယ်ယူမည်ဟုလည်း ၎င်းက အခိုင်အမာပြောကြားခဲ့သည်။
ဖိလစ်ပိုင်အစိုးရအဖွဲ့သည် ရုရှားဆေးကုမ္ပဏီများ၊ တရုတ်ဆေးကုမ္ပဏီများ၊ အမေရိကန်ဆေးကုမ္ပဏီ Pfizer Inc နှင့် Moderna Inc တို့အပါအဝင် အလားအလာရှိသော ကာကွယ်ဆေးကုမ္ပဏီ အများအပြားနှင့် ဆွေးနွေးမှု လုပ်ဆောင်ထားပြီးဖြစ်ကာ သြစတြေးလျဆေးကုမ္ပဏီ CSL Ltd နှင့်လည်း ဆွေးနွေးရန် စီစဉ်နေသည်။
ဖိလစ်ပိုင်တွင် ပြဋ္ဌာန်းထားသော ကုန်ပစ္စည်းဝယ်ယူမှုဥပဒေအရ ကုန်ပစ္စည်းများ မရရှိမီနှင့် ထိုကုန်ပစ္စည်း၏အရည်အသွေး စံသတ်မှတ်ချက်များကို အပြီးသတ်အတည် မပြုရသေးမီအချိန်တွင် ထိုကုန်ပစ္စည်းအတွက် ကြိုတင်ငွေပေးချေခြင်းကို တားမြစ်ထားခြင်းကြောင့် ကမ္ဘာတစ်ဝန်း COVID-19 ကာကွယ်ဆေး ဝယ်လိုအားမြင့်တက်လာမည်ဟု ခန့်မှန်းထားချိန်၌ ယင်းဥပဒေသည် ဖိလစ်ပိုင်အတွက် အခွင့်မသာသည့် အခြေအနေကို ဖန်တီးပေးနေသည်။
ဖိလစ်ပိုင်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူစုစုပေါင်း ၂၇၃၀၀၀ ကျော်ရှိ ပြီး သေဆုံးသူ ၄၇၀၀ ကျော်ရှိသည်။
အမေရိကန်၊ ဗြိတိန်ကဲ့သို့သော နိုင်ငံများသည် ဖိလစ်ပိုင်နှင့်မတူဘဲ လက်တွေ့စမ်းသပ်မှု နောက်ဆုံးအဆင့်တွင် ရှိနေဆဲဖြစ်သော ကာကွယ်ဆေးများကိုပင် အရေအတွက်သန်းရာနှင့်ချီ ဝယ်ယူရန် ဆုံးဖြတ်ထားကြခြင်းဖြစ်သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
