မြန်မာနိုင်ငံအနေဖြင့် အာဆီယံနိုင်ငံများအဖွဲ့ဝင်ကောင်းပီသစွာဖြင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်က အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်စဉ်ပြောကြားခဲ့သည်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၊ (၂၈) ကြိမ်မြောက် အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်းကောင်စီအစည်းအဝေးနှင့် (၃၅) ကြိမ်မြောက် အာဆီယံပေါ င်းစပ်ညှိနှိုင်းရေးကောင်စီ အစည်းအဝေးများကို လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ အောက်တိုဘာ (၈)ရက်က ပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့ခြ င်းဖြစ်သည်။
မြန်မာကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်က ၂၀၂၄ ခုနှစ် အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ၊ ဦးစားပေးနယ်ပယ်များနှင့် အာဆီယံအသိုက်အဝန်း ထူထောင်ရေးဆိုင်ရာ ဆောင်ရွက်ချက်များကို ထောက်ခံပြီး အဖွဲ့ဝင်ကောင်းပီသစွာဖြင့် အာဆီယံနိုင်ငံများနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
၎င်းအစည်းအဝေးများသို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့် အာဆီယံအတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး တီမောလက်စ်တေနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးက လေ့လာသူနိုင်ငံအဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစည်းအဝေးများတွင် (၄၄) ကြိမ်မြောက်နှင့် (၄၅) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများ၊ ဆက်စပ်အစည်းအဝေးများနှင့် သက်ဆိုင်သည့် အုပ်ချုပ်မှုနှင့် ဘာသာရပ်ဆိုင်ရာ ကြိုတင်ပြင်ဆင်မှုများ၊ ၂၀၂၄ ခုနှစ်အတွင်း အာဆီယံဥက္ကဋ္ဌ လာအိုနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များနှင့် ကဏ္ဍအသီးသီး၌ အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် အာဆီယံနိုင်ငံများနှင့်ဆွေးနွေးဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုများ၊ အာဆီယံနိုင်ငံရေးနှင့် လုံခြုံရေးအသိုက်အဝန်း လမ်းပြမြေပုံ (၂၀၂၅) အား အကောင်အထည်ဖော်နေမှုများ၊ အာဆီယံ အသိုက်အဝန်း မျှော်မှန်းချက် (၂၀၄၅) နှင့် ဆက်စပ်ရေးဆွဲလျက်ရှိသည့် အာဆီယံ နိုင်ငံရေးနှင့် လုံခြုံရေး မဟာဗျူဟာ စီမံချက် ရေးဆွဲမှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများ၊ ဒေသတွင်းနှင့် နိုင်ငံတကာ ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
