ယခုရက်ပိုင်းအတွင်း ထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် မိုးလွန်ကာလမိုး(အခါလွန်မိုး) ရွာနိုင်ကြောင်း မိုးလေဝသလေ့လာခန့်မှန်းသူ ဦးဝင်းနိုင်က အသိပေးထားသည်။
နောက်လာမည့် (၃) ရက်ခန့်(၇၂ နာရီ ဝန်းကျင်)၊ အိန္ဒိယသမုဒ္ဒရာမြောက်ပိုင်း၊ အာရေဗျ ပင်လယ်ဘက်တွင် မုန်တိုင်းတစ်လုံး ဖြစ်ပေါ်နိုင်ပြီး အောက်တိုဘာလ (၁၅/၁၆) ရက်ဝန်းကျင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်း ပင်လယ်ပြင်၌လည်း လေဖိအားနည်းရပ်ဝန်းတခု ဖြစ်ပေါ်လာနိုင်ကြောင်း အသိပေးထားသည်။
အဆိုပါ ထူးခြားမိုးလေဝသဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိသလောက်နည်းပါးနိုင်ပြီး မိုးလွန်ကာလမိုး(အခါလွန်မိုး) အနည်းငယ်ရွာသွန်းနိုင်သော်လည်း မိုးအများဆုံးရွာနိုင်မည့်ဒေသတွင်ပင် (၂၄) နာရီအတွင်း အများဆုံး (၁၃) မီလီမီတာခန့်(လက်မဝက်ခန့်)မှ (၂၀) မီလီမီတာ(ဝ.၈ လက်မခန့်)သာ ရွာနိုင်မည်ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ ရေပြန်မကျနိုင်သေးသည့် ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ကယားပြည်နယ်ဒေသအချို့မှာ မိုးအနည်းငယ်ထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးရေချိန်များမည် မဟုတ်ကြောင်းလည်း ၎င်းကဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
