လက်ဘနွန်တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်အခြေအနေတစ်ရပ်အနေဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များချပြီး ၎င်းတို့၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရေစးရန် အစ္စရေးက တောင်းဆိုခဲ့သည်ဟု ပြင်သစ်သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Al Arabiya ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ လက်နက်တွေချပြီး လစ်တာနီမြစ်ကနေ မြောက်ဘက်ကို ဆုတ်ခွာပေးဖို့ အစ္စရေးက တောင်းဆိုပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက်တွင် အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းတွင် Northern Arrows ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ဟစ်ဇ်ဘိုလာတို့၏ စစ်စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်တွင် ဟစ်ဇ်ဘိုလာ အတွင်းရေးမှူး ဟက်ဆန် နာစရယ်လာကို ရှင်းလင်းခဲ့သည်။ အောက်တိုဘာ ၁ ရက် ညတွင် အစ္စရေးက လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသများတွင် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည်။အပစ်အခတ်ရပ်စဲရေးအတွက် ဟစ်ဇ်ဘိုလာတို့က လက်နက်ချပေးရန် အစ္စရေး တောင်းဆို
လက်ဘနွန်တောင်ပိုင်းတွင် အပစ်အခတ်ရပ်စဲရေးအတွက် ကြိုတင်အခြေအနေတစ်ရပ်အနေဖြင့် လက်ဘနွန်ရှိ ဟစ်ဇ်ဘိုလာတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်များချပြီး ၎င်းတို့၏တပ်ဖွဲ့များကို ပြန်လည်ရုပ်သိမ်းရေစးရန် အစ္စရေးက တောင်းဆိုခဲ့သည်ဟု ပြင်သစ်သံတမန်သတင်းရင်းမြစ်များကို ကိုးကား၍ Al Arabiya ရုပ်မြင်သံကြားက ဖော်ပြခဲ့သည်။
“လက်ဘနွန်မှာ အပစ်အခတ်ရပ်စဲရေးအတွက် ဟစ်ဇ်ဘိုလာအဖွဲ့အနေနဲ့ လက်နက်တွေချပြီး လစ်တာနီမြစ်ကနေ မြောက်ဘက်ကို ဆုတ်ခွာပေးဖို့ အစ္စရေးက တောင်းဆိုပါတယ်” ဟု သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။
စက်တင်ဘာ ၂၃ ရက်တွင် အစ္စရေးသည် လက်ဘနွန်နိုင်ငံအတွင်းတွင် Northern Arrows ဟု အမည်ပေးထားသည့် စစ်ဆင်ရေးတစ်ရပ်ကို စတင်ခဲ့ပြီး ဟစ်ဇ်ဘိုလာတို့၏ စစ်စခန်းများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။ စက်တင်ဘာ ၂၇ ရက်က ဘေရွတ်တွင် ဟစ်ဇ်ဘိုလာ အတွင်းရေးမှူး ဟက်ဆန် နာစရယ်လာကို ရှင်းလင်းခဲ့သည်။ အောက်တိုဘာ ၁ ရက် ညတွင် အစ္စရေးက လက်ဘနွန်တောင်ပိုင်း နယ်စပ်ဒေသများတွင် မြေပြင်စစ်ဆင်ရေး စတင်ကြောင်း ကြေညာခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်