နယ်စပ်ဒေသတွင် ရေလွှမ်းမိုးမှု ပြဿနာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး အတွက်နှစ်နိုင်ငံ ပူးပေါင်းကြိုးပမ်းမှု အဖြစ် မယ်ဆိုင်မြစ်ကြောင်းပေါ်ရှိ အဆောက်အအုံများကို ဖြိုဖျက်ရနိုင်သည့် အခြေအနေနှင့်ပတ်သက်၍ ထိုင်းနှင့် မြန်မာနိုင်ငံတို့သည် ဗုဒ္ဓဟူးနေ့(အောက်တိုဘာ ၉) ယနေ့ တွင် ဆေးနွေးသွားဖို့ရှိကြောင်း သိရသည်။
တော်ဝင်ထိုင်းတပ်မတော် နယ်စပ်ရေးရာဌာန အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး Natthaphong Phraokaeo က တနင်္လာနေ့တွင် ထိုင်းအာဏာပိုင်များက ထောက်ခံချက်ပေးခဲ့သည့် အဆိုပြုချက်တစ်ရပ်ကို မယ်ဆိုင်နှင့် နမ်ရော့ခ်မြစ်ကြောင်းများ နယ်နိမိတ်ဆိုင်ရာ ထိုင်း-မြန်မာ ပူးပေါင်းကော်မတီ၏ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်ဟု အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။
မြစ်ရေလျှံမှုကို ထိရောက်စွာ လျှော့ချနိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန်အတွက် မယ်ဆိုင်မြစ်ကြောင်းကို အနည်းဆုံး မီတာ ၃၀ ခန့် ချဲ့ထွင်သင့်သည်ဟု ယုံကြည်ကြောင်း အဆိုပြုချက်တွင် ထိုင်းဘက်က တင်ပြထားသည်ဟု ၎င်းက ပြောဆိုသည်။
အဆိုပါ ရည်မှန်းချက် အောင်မြင်ရေးအတွက် မြစ်ကမ်းဘေးရှိ အဆောက်အအုံများကို ဖယ်ရှားရှင်းလင်းရန် ခိုင်မာသော အပြန်အလှန်ကတိကဝတ်များ လိုအပ်သည်ဟု ၎င်းက ပြောသည်။ ၂၀၂၅ ခုနှစ်အတွက် နောက်ဆုံးရည်မှန်းချက်သည် မယ်ဆိုင်မြစ်ရေလျှံမှုကြောင့် ဖြစ်ပေါ်သော ရေကြီးရေလျှံမှုများကို အောင်အောင်မြင်မြင် တားဆီးနိုင်ရန်ဖြစ်သည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
မယ်ဆိုင်နှင့် နမ်ရော့ခ်မြစ်ကြောင်းများ၏ နေရာ ၁၃ ခု (မြန်မာဘက်တွင် ၆ နေရာ၊ ထိုင်းဘက်တွင် ၇ နေရာ) တွင် မြစ်ကြောင်းများအတွင်း ထိုးထွက်နေသော အဆောက်အအုံများကို နှစ်ဖက်စလုံးက ဖယ်ရှားရှင်းလင်းရန် ၂၀၁၈ ခုနှစ်တွင် မြန်မာဘက်က အဆိုပြုခဲ့ဖူးသည်ဟုလည်း ဒုတိယဗိုလ်ချုပ်ကြီး Natthaphong က ရှင်းလင်းပြောဆိုသည်။
သို့သော်လည်း အဆိုပါ အဆိုပြုချက်အတွက် ယခုအချိန်အထိ မည်သည့်အရေးယူဆောင်ရွက်မှုမျိုးမှ မရှိခဲ့ဟု သူက ပြောဆိုခဲ့သည်။
Ref: ဘန်ကောက်ပို့စ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
