လီဗာပူးလ်ကွင်းလယ်ကစားသမား ဆိုဘိုဆလိုင်းက ချန်ပီယံလိဂ်နှင့် ပရီးမီးယားလိဂ်ချန်ပီယံဆုများကို ရယူရန် ပစ်မှတ်ထားနေကြောင်း ပြောကြားခဲ့သည်။ ဟန်ဂေရီလက်ရွေးစင်အသင်းခေါင်းဆောင် ဆိုဘိုဆလိုင်း (၂၃ နှစ်)သည် ပရိုကစားသမားဘဝစတင်ကတည်းက ရာသီတိုင်း အနည်းဆုံးဖလား တစ်လုံး ရယူနိုင်ခဲ့သူဖြစ်သည်။
ပြီးခဲ့သည့် ၂၀၂၃ နွေရာသီတွင် လိုက်ပ်ဇစ်အသင်းမှ လီဗာပူးလ်အသင်းထံသို့ ပေါင်သန်း (၆၀) ဖြင့် ပြောင်းရွှေ့လာခဲ့သည့် ဆိုဘိုဆလိုင်းသည် ပြီးခဲ့သည့်ရာသီက လီဗာပူးလ်အသင်းနှင့်အတူ လိဂ်ဖလားကို ရယူနိုင်ခဲ့သည်။
ဆိုဘိုဆလိုင်းက "ကျွန်တော် ချန်ပီယံလိဂ်ဖလား လိုချင်ပါတယ်။ ကျွန်တော် ငယ်ငယ်တုန်းက ကွင်းထဲမှာ ချန်ပီယံလိဂ်သီချင်းကို ကြားချင်ခဲ့တာပါ။ ပြီးတော့ ချန်ပီယံလိဂ်မှာ ဂိုးသွင်းချင်ခဲ့တယ်။ ပြီးတော့ နိုင်ငံလက်ရွေးစင်အသင်းမှာ ကစားချင်ခဲ့ပြီး အသင်းခေါင်းဆောင် ဖြစ်ချင်ခဲ့တာပါ။ အခု အဲဒီအရာတွေအားလုံးကို ကျွန်တော် လုပ်နိုင်ခဲ့ပါပြီ။ အခု ကျွန်တော့်အနေနဲ့ ပရီးမီးယားလိဂ်မှာ ကစားနေတာဆိုတော့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို လီဗာပူးလ်အသင်းနဲ့အတူ ရချင်ပါတယ်။ ပြီးတော့ ချန်ပီယံလိဂ် ဖလားကို ရချင်ပါတယ်။ ဒီတော့ ကျွန်တော့်ရည်မှန်းချက်တွေက ကြီးမားပါတယ်။ ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ဖြစ်နိုင်တာတွေကို ရည်မှန်းပြီး ကြိုးစားနေတာပါ"ဟု ပြောကြားခဲ့သည်။
ထို့ပြင် ဆိုဘိုဆလိုင်းက နည်းပြဟောင်း ယာဂန်ကလော့ပ်နှင့် နည်းပြသစ် အာနယ်ဆလော့တို့၏ ခြားနားချက်ကိုလည်း ဖွင့်ဟပြောကြားခဲ့သည်။ အာနယ်ဆလော့သည် ပြီးခဲ့သည့်ရာသီကုန်က လီဗာပူးလ်အသင်းနှင့်လမ်းခွဲခဲ့သည့် ကလော့ပ်၏နေရာကို ဝင်ရောက်ခဲ့ပြီး ယခုရာသီအစတွင် အသင်းကို ရလဒ်ကောင်းများရရှိ အောင် စွမ်းဆောင်ပေးထားသည်။
ဆိုဘိုဆလိုင်းက ကလော့ပ်လက်ထက်တွင် တိုက်စစ်ကို တိုက်ရိုက်ကစားသော်လည်း အာနယ်ဆလော့လက်ထက်တွင် ဘောလုံးကိုင်ကာ တိုက်စစ်ကိုတည်ဆောက်ပြီးမှ ကစားလေ့ရှိကြောင်း ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
