မန်ယူအသင်း၏ရှယ်ယာအနည်းစုပိုင်ရှင် ဆာဂျင်ရက်ကလစ်ဖ်နှင့် အသင်းထိပ်တန်းတာဝန်ရှိသူများသည် အသင်းနည်းပြ တန်ဟက်ဂ်၏ အနာဂတ်နှင့်ပတ်သက်ပြီး ပြီးခဲ့သည့် အင်္ဂါနေ့က (၆) နာရီကြာ တိုင်ပင်ဆွေးနွေးခဲ့ကြသော်လည်း အဖြေမထွက်ခဲ့ကြောင်း ဗြိတိန်သတင်းစာ The Guardian က ဖော်ပြခဲ့သည်။
ဆာဂျင်ရက်ကလစ်ဖ် ဦးဆောင်ပြီး မန်ယူအသင်း၏ထိပ်တန်းတာဝန်ရှိသူများဖြစ်သည့် အမှုဆောင်အရာရှိချုပ် အိုမာဘရာဒါ၊ အားကစားဒါရိုက်တာ ဒန်အက်ရှ်ဝါ့သ်နှင့် နည်းစနစ်ဒါရိုက်တာ ဂျေဆန်ဝီလ်ကော့တို့သည် အောက်တိုဘာ (၈) ရက်(အင်္ဂါနေ့)က လန်ဒန်ရှိ Ineos ရုံးချုပ်တွင် အစည်းအဝေးလုပ်ခဲ့ကြကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် အသင်းနည်းပြ တန်ဟက်ဂ်၏အနာဂတ်နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်းလည်း ဗြိတိန်မီဒီယာများက ဖော်ပြနေကြသည်။ ယင်းအစည်းအဝေးမှာ (၆) နာရီကြာမြင့်ခဲ့သော်လည်း အသင်းနည်းပြ တန်ဟက်ဂ်၏အနာဂတ်နှင့် ပတ်သက်ပြီး ပြတ်သားသည့်အဖြေမထွက်ခဲ့ကြောင်း The Guardian က ဖော်ပြခဲ့ခြင်းဖြစ်သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇) အပြီးတွင် ရမှတ် (၈) မှတ်သာ ရရှိထားပြီး အဆင့် (၁၄) နေရာအထိ ရောက်ရှိနေပြီး ယင်းမှာ အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံး ပရီးမီးယားလိဂ်ရာသီအစအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရှိရသည်။ ထို့ကြောင့် အသင်းနည်းပြ တန်ဟက်ဂ်မှာ ဖိအားများနှင့် ရင်ဆိုင်နေရပြီး မကြာမီ ရာထူးမှထုတ်ပယ်ခံရမည်ဟု သုံးသပ်မှုများလည်း ရှိနေသည်။
မန်ယူအသင်းသည် ပြိုင်ပွဲစုံ နောက်ဆုံး (၅) ပွဲဆက် နိုင်ပွဲပျောက်ထားပြီး နည်းပြ တန်ဟက်ဂ်ကို ရာထူးမှထုတ်ပယ်ရန်တောင်း ဆိုမှုများလည်း ရှိနေကြောင်း သိရသည်။ ဆာဂျင်ရက်ကလစ်ဖ်သည် ပြီးခဲ့သည့်အပတ်က တန် ဟက်ဂ်၏အနာဂတ်ကို ပြောဆိုရန်ငြင်းဆန်ခဲ့ပြီး အမှုဆောင်အဖွဲ့က ဆုံးဖြတ်မည်ဟု ဆိုခဲ့သည်။
တန်ဟက်ဂ်ကမူ မန်ယူနည်းပြအဖြစ် ဆက်ရှိနေမည်ဟု ယုံကြည်နေပြီး လက်ရှိတွင် အားလပ်ရက်အပန်းဖြေခရီးထွက်နေကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
