ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းတစ်သင်း ဖြစ်သည့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အပေါ် စိန်ခေါ်သည့် တရားရေးဆိုင်ရာရင်ဆိုင်မှုတွင် မိမိတို့ ဦးစားပေးပစ်မှတ်ထားခဲ့သည့် (၂)ခုတွင် အနိုင်ရရှိခဲ့ပြီး ATP စည်းမျဉ်းသည် တရားမဝင်ကြောင်း တွေ့ရှိခဲ့ရသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။
ယခုအမှုသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မန်စီးတီး အသင်းကို စွဲချက်တင်ထားသည့် ပြစ်မှု (၁၁၅)ချက်နှင့် သက်ဆိုင်ခြင်းမရှိသည့် သီးခြားအမှုတစ်ခုဖြစ်ပြီး မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်အဖွဲ့ချုပ်အနေဖြင့် UK အစိုးရ၏ မျှတစွာပြိုင်ဆိုင်ခွင့်ဥပဒေကို ကျော်လွန်ဆောင်ရွက်နေသည်ဆိုသည့်အချက်ကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ATP စည်းမျဉ်းဆိုသည်မှာ နယူးကာဆယ်အသင်းကို ဆော်ဒီ လုပ်ငန်းရှင်များက လွှဲပြောင်းဝယ်ယူခဲ့ချိန်တွင် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က မူလသတ်မှတ်ထားချက်များကို ပိုမိုတင်းကျပ်သည့်ဥပဒေဖြင့် ပြင်ဆင်ထားသည့် စည်းမျဉ်းဖြစ်ပြီး ယင်းစည်းမျဉ်းအရ စပွန်ဆာစာချုပ်များသည် မျှတသည့် ငွေကြေးပမာဏတစ်ရပ်အတွင်းသာ ရှိသင့်သည်ဆိုသည့် အချက်ကို ဦးစားပေးတည်ဆောက်ထားခြင်းဖြစ်သည်။
သို့ရာတွင် မန်စီးတီးအသင်းက ၎င်းတို့အသင်းအပေါ် ပရီးမီးယားလိဂ်အဖွဲ့ချုပ်က စွပ်စွဲထားသည့် စွဲချက်များကို မဖြေရှင်းမီအချိန်တွင် ယင်းဥပဒေပြင်ဆင်သည့်လုပ်ရပ်နှင့်ပတ်သက်ပြီး ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အာဏာအလွဲသုံးစားလုပ်ခဲ့သည်ဟုဆိုကာ ယင်းကဲ့သို့ ပြုလုပ်ခွင့်မပေးရန် တောင်းဆိုခဲ့သည့်အမှုလည်းဖြစ်သည်။
ယင်းနှင့်ပတ်သက်ပြီး မန်စီးတီးအသင်းက ၎င်းတို့အသာစီးရရှိခဲ့သည့် နယ်ပယ် (၂)ခုအပေါ် ပစ်မှတ်ထားကာ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး "ပရီးမီးယားလိဂ်အဖွဲ့ချုပ်သည် အသုံးပြုခွင့်ရှိသည့်အာဏာကို ကျော်လွန်ကာ လုပ်ဆောင်ကြောင်း တွေ့ရှိခဲ့သည်"ဟု ကြေညာခဲ့သည်။
"မန်စီးတီးအသင်းအနေဖြင့် ယင်းအချက်ကို ဦးစားပေးအနေဖြင့် တင်ပြခဲ့ပြီး မိမိတို့ အနိုင်ရခဲ့သည်" ဟု ဆိုကာ "ATP စည်းမျဉ်းသည် ဥပဒေနှင့် မညီညွတ်ကြောင်းကိုလည်း တွေ့ရှိခဲ့သည်"ဟု ထုတ်ပြန်မှုတွင် ဆက်လက်ဖော်ပြခဲ့သည်။ မန်စီးတီးဘက်မှ ချယ်လ်ဆီး၊ နယူးကာဆယ်၊ အဲဗာတန်တို့ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်ဘက်မှ မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ်၊ စပါး၊ ဘရိုက်တန်နှင့် ဝက်စ်ဟမ်းအသင်းတို့က ရပ်တည်ခဲ့ကြကြောင်းလည်း သိရှိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
