မုန်တိုင်းတိုက်ခတ်ကာ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် မြစ်ရေချောင်းရေများမြင့်တက်၍ ရေကြီးရေလျှံမှုများကြောင့် မြန်မာနိုင်ငံမှ ရေဘေးသင့်ဒေသများအတွက် ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ အလှူငွေများလာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့ အောက်တို ဘာ ၈ ရက်နံနက်ပိုင်းက အင်ချွန်းမြို့အခြေစိုက် မြန်မာဂုဏ်ထူးဆောင်ကောင်စစ်ဝန် Mr. Huh Cheol-hong မှ အလှူငွေ အမေရိကန်ဒေါ်လာ (၁၀၀၀)နှင့် မွန်းလွဲပိုင်းတွင် ကိုရီးယားနိုင်ငံအ ခြေစိုက် Korea-Myanmar Friendship Interchange Association ၏ ဥက္ကဋ္ဌ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ Venerable Mok Tak မှ အလှူငွေ ဝမ်(၂၃)သိန်းတို့ကို လာရောက်လှူဒါန်းခဲ့ကြသည်။
အဆိုပါ အလှူငွေများအား ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံး၊ ဆိုးလ်မြို့၏ သံအမတ်ကြီးဦးသန့်စင်ကလက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာသံရုံး၊ ဆိုးလ်မြို့သို့လာရောက်လှူဒါန်းသည့် အလှူငွေများအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ရေဘေးသင့်ပြည်သူများ၏ ကယ် ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
