တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်အတွင်း၌ လျှပ် စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချရန် လုပ်ငန်းဆောင်ရွက်ခြင်းသဘောတူစာချုပ်အား တိုင်းအစိုးရအဖွဲ့နှင့် လုပ်ငန်းဆောင်ရွက်မည့် New Myanmar Renewable Energy Co.,Ltd တို့လက်မှတ်ရေးထိုးခဲ့ကြသည်။
သဘောတူစာချုပ်လက်မှတ်ရေးထိုးခြင်းအား ယနေ့ အောက်တိုဘာ ၉ ရက်နံနက် ၁၀ နာရီက တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်း ပရာ တိုင်းဝန်ကြီးချုပ်ဦးမြတ်ကိုတက်ရောက်ခဲ့သည်။
ကျွန်းစုမြို့နယ်သည် သီးခြားကျွန်းတစ်ခုဖြစ်၍ National Grid မရောက်ရှိနိုင်သဖြင့် တိုင်းအစိုးရ အဖွဲ့က ခိုင်မာသောလျှပ်စစ်ဓာတ်အားရရှိရန်ဆောင်ရွက်ခြင်းဖြစ်ပြီး New Myanmar Renewable Energy Co.,Ltd မှ အသေးစားရေ အားလျှပ်စစ်ဓာတ်အားပေးစက်အား ဆိုလာ၊ ဒီဇယ်ပေါင်းစပ်ကာ ဓာတ်အားခ တစ်ယူနစ်(၉၀၀) ကျပ်နှုန်းဖြင့် ထုတ်လုပ်ဖြန့်ဖြူးရေးကို ဆက်လက်ဆောင်ရွက်သွားရမည်ဟု တိုင်းဝန်ကြီးချုပ်ကပြောသည်။
ထို့ပြင် တိုးချဲ့မွေးမြူလာသော ရေငံပုဇွန်မွေးမြူရေးလုပ်ငန်းများတိုးတက်ကောင်းမွန်လာ၍ လျှပ်စစ်ဓာတ်အားလိုအပ်လာသည်ကိုရည်ရွယ်၍ ကျွန်းစုမြို့နယ်အား သီးခြားကိစ္စတစ်ရပ်အနေဖြင့်ဆောင်ရွက်ခြင်းဖြစ်ကာ ရေအားလျှပ်စစ် ဓာတ်အားကို နဝရတ်ရေအိုင်တစ်ဆင့် ပိုက်လုံးများဖြင့်သွယ်တန်းပြီး ဆောင်ရွက်ပေးထားသည်ဟုလည်း ပြောကြားခဲ့သည်။
ထို့နောက် တိုင်းအစိုးရအဖွဲ့တာဝန်ရှိသူများနှင့် New Myanmar Renewable Energy Co.,Ltd မှတာဝန်ရှိသူများက ကျွန်းစုမြို့နယ်၌ လျှပ်စစ် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းဆောင်ရွက်ခြင်းဆိုင်ရာသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
