ဗယ်လာဒိုလစ် - ဂီတာဖေး (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၇:၃၀ နာရီ)
ဗယ်လာဒိုလစ်ရဲ့ ထိန်းကစားနိုင်စွမ်းက ဂီတာဖေးထက် ပိုအားကောင်းတယ်။ ခံစစ်လည်းကျစ်လျစ်ပြီး အိမ်ရှင်အခွင့်အရေးပါရှိနေတာကလည်း ဗယ်လာဒိုလစ်ဘက်က အားသာမှုလို့ ပြောနိုင်တယ်။ ဂီတာဖေးခြေစွမ်းက အားရစရာမရှိတဲ့အပြင် အဝေးကွင်းကစားအားကလည်း သာမန်လောက်ပဲရှိလို့ အိမ်ရှင် ဗယ်လာဒိုလစ်နဲ့ ဂိုးအနည်းပဲ ကြိုက်တယ်။
အယ်လ်ချီ - ဆီဗီလာ (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၄၅ နာရီ)
အမှတ်ပေးဇယားအောက်ပိုင်းက လွတ်အောင်ရုန်းနေရပေမဲ့ အယ်လ်ချီရဲ့ အင်အား၊ ခြေစွမ်းနဲ့ အတွေ့အကြုံပိုင်းက ဆီဗီလာလိုအသင်းနဲ့ ကွာလွန်းနေပါသေးတယ်။ ဆီဗီလာကလည်း ချန်ပီယံလိဂ်တစ်ဖက်နဲ့ အာရုံရောထွေးနေနိုင်ပေမဲ့ ပြီးခဲ့တဲ့ ဘာစီလိုနာနဲ့ပွဲကိုရှုံးထားလို့ အခုပွဲမှာ ထပ်ပြီးအမှတ်ဆုံးရှုံးခံမယ်မထင်ဘူး။ အဝေးကွင်းပွဲတွေကိုလည်း သတိကြီးကြီးနဲ့ ကစားနေတဲ့ ဆီဗီလာရဲ့ကစားပုံကြောင့် ဒီပွဲက ဆီဗီလာအတွက်ပဲ ဖြစ်ဖို့များနေတယ်။ အယ်လ်ချီ အိမ်ကွင်းဆိုပေမဲ့ ဆီဗီလာနဲ့ ဂိုးအနည်းပဲ ကြိုက်နေမိတယ်။
ကာဒစ်ဇ် - အီဘာ (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၁၂:၀၀ နာရီ)
နှစ်သင်းစလုံး နိုင်ပွဲရှာနေကြတဲ့အချိန်မှာ ခြေစွမ်းချင်းကလည်း သိပ်မကွာလှဘူး။ ဒါပေမဲ့ ကာဒစ်ဇ် အိမ်ရှင်ဖြစ်နေတဲ့အပြင် အစဉ်အလာမှာလည်း အသာရလို့ ကာဒစ်ဇ်အတွက် အားသာမှုလို့ ပြောလို့ရတယ်။ ကာဒစ်ဇ်နဲ့ ဂိုးအနည်းပဲ ရွေးထားမယ်။
အိုဆာဆူနာ - ဘာစီလိုနာ (မြန်မာစံတော်ချိန် မတ်လ ၇ ရက် နံနက် ၂:၃၀ နာရီ)
ဘာစီလိုနာ သတိထားရမယ့်ပွဲလို့ထင်တယ်။ အိုဆာဆူနာဟာ ဘာစီလိုနာကို မထင်မှတ်တဲ့တုံ့ပြန်မှုမျိုးတွေ လုပ်ပြနိုင်တဲ့အသင်းဖြစ်လို့ လျှော့တွက်လို့မရဘူး။ ဒဏ်ရာပြဿနာတွေကြားထဲမှာပဲ အိုဆာဆူနာရဲ့ ရလဒ်ပိုင်းတွေက သိပ်မဆိုးလှဘူး။ အထူးသဖြင့် ခံစစ်ကိုအားပြုပြီး နိုင်ပွဲရအောင် ကစားပြနေနိုင်တဲ့ အိုဆာဆူနာရဲ့ကစားပုံက ဘာစီလိုနာကို အခက်တွေ့အောင်လုပ်ပြနိုင်မယ်ထင်တယ်။ ဘာစီလိုနာကတော့ လာလီဂါဘက်မှာ အတိမ်းအစောင်းနည်းအောင် ကစားပြလာနိုင်တာ တွေ့ရတယ်။ ပီကေး ပြန်ကစားနိုင်တဲ့နောက်မှာ ဘာစီလိုနာရဲ့ ခံစစ်ကစားပုံကလည်း အတန်အသင့်ပြန်ငြိမ်လာသလို တွေ့ရတယ်။ ဒါကြောင့် ဂိုးသွင်းအားပုံမှန်မရှိတဲ့ အိုဆာဆူနာတိုက်စစ်ကို ထိန်းချုပ်နိုင်မယ့်အနေအထားမျိုး ဘာစီလိုနာမှာ ရှိနေနိုင်တယ်။ နောက်ဆုံးကစားတဲ့ပွဲမှာ ဆီဗီလာကို ဂိုးမပေးရဘဲ အနိုင်ရအောင်ကစားထားတဲ့ ခြေစွမ်းမျိုးနဲ့တော့ ဒီပွဲလည်း ဘာစီလိုနာအတွက် အခက်အခဲသိပ်ရှိနိုင်မယ်မထင်ဘူး။ ဘာစီလိုနာနဲ့ ဂိုးအများပဲ ရွေးထားကြည့်ချင်တယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
