Top News

ပရီးမီးယားလိဂ်၏ ဒဏ်ရာရစာရင်းကို ပဲလေ့စ်၊ လက်စတာနှင့် လီဗာပူးလ်တို့ ဦးဆောင်နေပြီး စပါး၊ မန်စီးတီး၊ အာဆင်နယ်တို့ ပြဿနာအနည်းဆုံးဖြစ်နေ
24htopnews | October 10, 2024 5:12 AM CST

ပရီးမီးယားလိဂ်အသင်းများ၏ ဒဏ်ရာရ ကစားသမားစာရင်းကို လက်ရှိအချိန်တွင် ဦးဆောင်နေသည့် အသင်းများမှာ ခရစ္စတယ်ပဲလေ့စ်၊ လက်စတာနှင့် လီဗာပူးလ်အသင်းတို့ဖြစ်ပြီး စပါး၊ မန်စီးတီးနှင့် အာဆင်နယ်အသင်းတို့မှာမူ ဒဏ်ရာပြဿနာ အနည်းဆုံးကြုံတွေ့နေရသည့် အသင်းများဖြစ်ကြောင်း သိရှိရသည်။

    

ခရစ္စတယ်ပဲလေ့စ်အသင်းသည် လက်ရှိအချိန်တွင် အသင်းကြီးမှ ကစားသမား (၉) ဦးအထိ ဒဏ်ရာရရှိနေပြီး ထိပ်ဆုံးတွင် ရပ်တည်နေကာ လက်စတာအသင်းနှင့် လီဗာပူးလ်အသင်းတို့မှာမူ အသင်းကြီးကစားသမား (၈)ဦးအထိ ဒဏ်ရာပြဿနာကြုံတွေ့နေရခြင်းဖြစ်သည်။ 

စပါး၊ မန်စီးတီးအသင်းနှင့် အာဆင်နယ်အသင်းတို့မှာမူ လက်ရှိဒဏ်ရာပြဿနာ ကြုံတွေ့နေသည့် ကစားသမား အရေအတွက်မှာ (၁) ဦးစီသာရှိနေပြီး ဒဏ်ရာအကင်းစင်ဆုံးအသင်းများအဖြစ် ရပ်တည်နေကြသည်။ 

လီဗာပူးလ်အသင်းသည် ဒဏ်ရာရကစားသမားအရေအတွက်အရ လက်စတာအသင်းနှင့် ပဲလေ့စ်အသင်းတို့ထက် ပိုနည်းသော်လည်း အနားယူရမည့်ကာလအနေဖြင့် တွက်ချက်လျှင်မူ ပိုမိုဆိုးရွားစွာ ခံစားနေရပြီး နောက်ထပ်ပြဿနာတစ်ရပ်မှာ နောက်ခံအတွင်းလူနေရာတွင် အဓိက ကစားသမားအားလုံး ဒဏ်ရရရှိနေခြင်းလည်းဖြစ်သည်။ 

    

လက်စတာအသင်းမှာမူ ဘန်လေအသင်းနှင့် ကစားခဲ့သည့် ပွဲမတိုင်မီ စာရင်းအရ (၉) ဦး ရှိခဲ့သော်လည်း ဘန်လေနှင့်ပွဲတွင် ဗာဒီက ပထမဆုံး ဝင်ကစားခဲ့ပြီး ဗာဒီသည် ကြံ့ခိုင်မှု အပြည့်အဝအနေအထားမဟုတ်ဘဲ ဝင်ကစားခဲ့ခြင်းဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ 

ပဲလေ့စ်အသင်းမှာလည်း အဓိကကစားသမား ဇာဟာအပါအဝင် အားထားရသည့် ကစားသမားအများအပြား ဒဏ်ရာပြဿနာ ရှိနေသဖြင့်အခက်ကြုံနေရပြီး နောက်ဆုံးကစားခဲ့သည့်ပွဲတွင်မူ လူမစုံသည့် ပြဿနာ ရှိနေလျက်နှင့် မန်ယူအသင်းကို သရေကစားခဲ့ခြင်း ဖြစ်သည်။ 

    

ရာသီတစ်လျှောက်လုံးအနေဖြင့် တွက်ချက်လျှင် မူ လီဗာပူးလ်အသင်းသည် ချယ်လ်ဆီးအသင်းနှင့် ကစားခဲ့သည့် ပွဲမတိုင်မီအထိ အဓိကကစားသမားများ၏ ဒဏ်ရာပြဿနာကြောင့် လွဲချော်သည့်ရက် အရေအတွက် စုစုပေါင်းမှာ (၁၀၂၉) ရက်အထိ ရှိခဲ့ကာ ထိပ်ဆုံးတွင်  အပြတ်အသတ်ဦးဆောင်နေပြီး၊ ခရစ္စတယ်ပဲလေ့စ်အသင်းက (၈၆၁)ရက်ဖြင့် ဒုတိယနေရာတွင် ရှိနေသည်။ 

ချယ်လ်ဆီးအသင်းမှာမူ တစ်ရာသီလုံးဆိုပါက ဒဏ်ရာပြဿနာအနည်းဆုံးအသင်းအဖြစ် ရပ်တည်ခဲ့သည်။ 

■ လက်ရှိအချိန်တွင် ဒဏ်ရာပြဿနာအများဆုံး ကြုံတွေ့နေသည့်အသင်းများ 

ခရစ္စတယ်ပဲလေ့စ် - ၉ ဦး

လက်စတာ - ၈ ဦး

လီဗာပူးလ် - ၈ ဦး

လိဒ်စ်ယူနိုက်တက် - ၇ ဦး

နယူးကာဆယ် - ၇ ဦး

ရှက်ဖီးယူနိုက်တက် - ၇ ဦး

ဆောက်သမ်တန် - ၇ ဦး

ဝက်စ်ဟမ်း  - ၆ ဦး


READ NEXT
Cancel OK