ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်အတွင်း မန်ချက်စတာမြို့ခံနှစ်သင်းကြား ခြား နားမှုများစွာဖြစ်ပေါ်ခဲ့ကြောင်း The Sun သတင်းစာက နှိုင်းယှဉ်ဖော်ပြခဲ့သည်။
ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလတွင် စတင်ခဲ့ပြီး ၂၀၂၀ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်များ၌ မန်ယူအသင်းက မန်စီးတီးအသင်းကို (၄)မှတ် အသာရခဲ့သည်။
မန်ယူအသင်းသည် ၂၀၂၀ ခုနှစ် အတွင်း ပရီးမီးယားလိဂ်(၁၅)ပွဲ ယှဉ်ပြိုင်ကစားရာတွင် အမှတ် (၃၀) ရယူကာ အမှတ်ပေးဇယားဒုတိယနေရာတွင် ရပ်တည်နိုင်ခဲ့သည်။ မန်စီးတီးအသင်းမှာမူ (၁၄)ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၂၆) မှတ်သာရရှိပြီး အဆင့်(၈)နေရာသို့ ရောက်ရှိခဲ့သည်။
သို့သော် ၂၀၂၁ ခုနှစ်အတွင်း၌ အပြောင်းအလဲများဖြစ်ပေါ်ခဲ့ပြီး မန်ယူအသင်းမှာ (၁၂) ပွဲ ယှဉ်ပြိုင်ကစားရာ၌ (၂၁) မှတ်သာရယူနိုင်ခဲ့ချိန်တွင် မန်စီးတီးအသင်းက (၁၃) ပွဲကစားရာတွင် (၃၉) မှတ်ရယူပြီး မန်ယူအသင်းကို (၁၈) မှတ်အထိ အသာရခဲ့သည်။
မန်စီးတီးအသင်းသည် ၂၀၂၁ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ရာနှုန်းပြည့်အနိုင်ရရှိအောင် ကစားနိုင်ခဲ့ခြင်းကြောင့် မြို့ခံပြိုင်ဘက်အသင်းကို အပြတ်အသတ် အသာစီးယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းကဲ့သို့ ပြောင်းလဲမှု၏ အကျိုးဆက်အဖြစ် ပရီးမီးယားလိဂ်အမှတ်ပေးဇယား နောက်ဆုံးရပ်တည်မှု၌ မန်စီးတီး အသင်းက ပထမနေရာ၊ မန်ယူအသင်းက ဒုတိယနေရာတွင် ရှိနေသော်လည်း မန်စီးတီးအသင်းက မန်ယူအသင်းကို (၁၄)မှတ်အထိ ဖြတ်ထားနိုင်ခဲ့ပြီဖြစ်သည်။
ယင်းကဲ့သို့ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ် နှိုင်းယှဉ်မှု၌ နောက်ထပ်ထူးခြားမှုအဖြစ် မြင်တွေ့ရသည်မှာ လက်ရှိချန်ပီယံ လီဗာပူးလ်အသင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွင်း အမှတ်အများဆုံးရယူကာ ပရီးမီးယားလိဂ်ပြိုုင်ပွဲကို ဦးဆောင်နိုင်ခဲ့သော လီဗာပူးလ်အသင်းသည် ၂၀၂၁ ခုနှစ်အတွင်းတွင်မူ (၁၁) ပွဲကစားရာ၌ (၁၀) မှတ်သာ ရယူနိုင်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
