ဘာစီလိုနာအသင်း၏ နောက်ခံလူ ပီကေးသည် ဒူးဒဏ်ရာကြောင့် (၃)ပတ်ဝန်းကျင် အနားယူရမည် ဖြစ်ပြီး PSG အသင်းနှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့် ဒုတိယအကျော့ပွဲစဉ်ကို လွဲချော်မည်ဟု သိရသည်။
ပီကေးသည် ဆီဗီလာအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သော စပိန်ဘုရင့်ဖလားဆီမီးဖိုင်နယ်ပွဲတွင် အဆိုပါဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဒူးအရွတ် စုတ်ပြဲသွားခြင်းဖြစ်မည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်ခဲ့သော်လည်း စစ်ဆေးမှုများအရ ဒူးအဆစ်လွဲသွားခြင်းသာဖြစ်ကြောင်း ဘာစီလိုနာအသင်းက ကြာသပတေးနေ့တွင် အတည်ပြုကြေညာခဲ့သည်။
သို့သော် ယင်းဒဏ်ရာကြောင့် (၃)ပတ်ဝန်းကျင် အနားယူရမည်ဖြစ်ရာ PSG နှင့် ယှဉ်ပြိုင်ရမည့် ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲစဉ် အပါအဝင် ဘာစီလိုနာအသင်း၏ ပွဲစဉ်(၄)ပွဲခန့်ကို လွဲချော်မည်ဖြစ်သည်။
ပီကေးသည် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ယခုကဲ့သို့ ဒူးဒဏ်ရာရရှိမှုကြောင့် (၂)လခွဲခန့် အနားယူခဲ့ရပြီး PSG နှင့် ချန်ပီယံလိဂ်ပထမအကျော့ပွဲတွင်မှ ပြန်လည်ပါဝင်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။
ပီကေး၏ ဒဏ်ရာပြဿနာကြောင့် ဘာစီ လိုနာအသင်းသည် လက်ရှိအချိန်တွင် ကြံ့ခိုင်မှု ပြည့်ဝသည့် နောက်ခံလူ(၃)ဦးသာရှိတော့ပြီး လွန်းဂလတ်၊ အမ်တီတီနှင့် မင်ဂွယ်ဇာတို့ဖြစ်ကြောင်းလည်း AS က ဖော်ပြခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
