အက်သလက်တီကိုမက်ဒရစ်တိုက်စစ်မှူး ဆွာရက်ဇ်က မက်ဒရစ်ဒါဘီတွင် ရီးယဲလ်အသင်းကို ရှုံးကြွေးဆပ်လိုကြောင်း ပြောကြားခဲ့သည်။ ်။
အက်သလက်တီကိုမက်ဒရစ်အသင်းသည် မတ်လ (၇)ရက်တွင် လာလီဂါပွဲစဉ်(၂၆) အဖြစ် ရီးယဲလ်မက်ဒရစ်အသင်းကို အိမ်ကွင်းတွင် လက်ခံကစားရမည်ဖြစ်သည်။
ယခုရာသီ လာလီဂါပထမအကျော့တွေ့ဆုံမှုတွင် အက်သလက်တီကိုမက်ဒရစ်အသင်းသည် ရီးယဲလ်မက်ဒရစ်အသင်းကို အဝေးကွင်းတွင် (၀-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရာ ဆွာရက်ဇ်က ရီးယဲလ်မက်ဒရစ်အသင်းကို ရှုံးကြွေးဆပ်လိုကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆွာရက်ဇ်က "ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ကစားရတာက တစ်ခုခုထူးခြားပါတယ်။ ဒီလိုထိပ်တန်းပွဲတွေကို တကယ်ကစားချင်ပြီး ကျွန်တော်တို့အနေနဲ့ ဘာလုပ်နိုင်တယ်ဆိုတာကို ပြသချင်ပါတယ်။ ရီးယဲလ်နဲ့ ရင်ဆိုင်ရတဲ့ပွဲတွေက ပွဲကြီးပွဲကောင်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ပထမအကျော့က ရီးယဲလ်အသင်းကို ရှုံးနိမ့်ခဲ့တာကို ပြန်လည်ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့အနေနဲ့ လာလီဂါပြိုင်ပွဲမှာ ဘာကြောင့် ဦးဆောင်နေတယ်ဆိုတာကို ပြသသွားမှာပါ"ဟု ပြောကြားခဲ့သည်။
အက်သလက်တီကိုမက်ဒရစ်အသင်းသည် စပိန်လာလီဂါပွဲစဉ် (၂၅)အပြီးတွင် ပွဲကျန်တစ်ပွဲကစားရန် ကျန်ရှိနေသေးသော်လည်း ရမှတ် (၅၈)မှတ်ဖြင့် အမှတ်ပေးဇယားအဆင့်(၁)နေရာတွင် ရပ်တည်နေပြီး တတိယနေရာမှ မြို့ခံပြိုင်ဘက် ရီးယဲလ်မက်ဒရစ်အသင်း(၅၃ မှတ်)ကို (၅)မှတ် ဖြတ်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
