မန်ချက်စတာယူနိုက်တက်နည်းပြ ဆိုးလ်ရှားက မိမိတို့အနေဖြင့် မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှု ကြီးမားသွားပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။
မန်စီးတီးအသင်းသည် ပြိုင်ပွဲစုံ (၂၁)ဆက်တိုက် ရှုံးပွဲမရှိကစားသလို၊ လက်ရှိတွင် ရမှတ် (၆၅)မှတ်ဖြင့် အဆင့် (၁)နေရာ၌ ရပ်တည်နေပြီး ဒုတိယနေရာမှ မန်ယူအသင်း(၅၁ မှတ်)ကို (၁၄)မှတ်အထိ ဖြတ်ထားသည်။
ထို့ကြောင့် မန်ယူနည်းပြ ဆိုးလ်ရှားက မန်စီးတီးအသင်းနှင့် အမှတ်ကွာဟမှု ကြီးမားသွားပြီဖြစ်သော်လည်း မိမိတို့အနေဖြင့် မန်စီးတီးနှင့်ပွဲကို အာရုံစိုက်ထားကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆိုးလ်ရှားက "ကျွန်တော်တို့အနေနဲ့ ပွဲစဉ်တစ်ပွဲချင်း အပေါ်မှာပဲ အာရုံစိုက်ထားပါတယ်။ အဆုံးမှာ ဘာတွေဖြစ်လာမယ်ဆိုတာကို တွေးမထားပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ရာသီကထက် တိုးတက်အောင်နဲ့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ မန်စီးတီးအသင်းနဲ့ အမှတ်ကွာဟမှုက ကြီးမားသွားပါပြီ။ ကျွန်တော်တို့ နှစ်သင်းကြားမှာ ကွာဟချက်တွေ အများကြီး ရှိပါတယ်။ အခုအချိန်မှာ ကျွန်တော်တို့ အထက်မှာ ရှိတာဆိုတာဆိုလို့ သူတို့(မန်စီးတီး)အသင်းပါပဲ။ ပြိုင်ပွဲစုံ (၂၁)ပွဲဆက်တိုက် နိုင်ထားတဲ့ မန်စီးတီးအသင်းဟာ အရမ်းကောင်းတဲ့ အသင်းဖြစ်ပြီး ကျွန်တော်တို့အတွက် စမ်းသပ်မှုဖြစ်လာမှာပါ"ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် မတ်လ (၇)ရက်(တနင်္ဂနွေနေ့)တွင် မန်စီးတီးအသင်းကို အဝေးကွင်းတွင် သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ကစားခဲ့သည့် ပထမအကျော့၌ (၀-၀)ဂိုးဖြင့် သရေကျခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်အဝေးကွင်း (၁၄)ပွဲကစားရာတွင် ရှုံးပွဲလုံးဝမရှိသေးဘဲ (၈)ပွဲအနိုင်ရကာ (၆)ပွဲသရေကျထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
