မိုချန်ဂလာဘတ် - လေဗာကူဆင် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)
အမှတ်ပေးပွဲ နောက်ဆုံး(၅)ပွဲဆက် နိုင်ပွဲပျောက်ထားတဲ့ အခြေအနေက မိုချန်ဂလာဘတ်ကို ယုံစားဖို့ခက်နေတယ်။ ဒါပေမဲ့ ဂျာမန်ဖလားက ထွက်ထားရပြီး ချန်ပီယံလိဂ်မှာလည်း မန်စီးတီးကို ဒုတိယအကျော့မှာ ကျော်ဖြတ်နိုင်ခြေမရှိသလောက်နည်းနေလို့ ဘွန်ဒစ်လီဂါတစ်ခုတည်းကိုပဲ အဓိကအာရုံစိုက်ရတော့မယ့် မိုချန်ဂလာဘတ်ရဲ့အပြောင်းအလဲကို စောင့်ကြည့်ရလိမ့်မယ်။ လေဗာကူဆင်ကတော့ ပြိုင်ပွဲစုံနောက်ဆုံး(၉)ပွဲမှာ (၁)ပွဲသာ အနိုင်ရပြီး ယူရိုပါလိဂ်ကလည်း ထွက်ထားရတဲ့အထိ အခြေအနေဆိုးနေတယ်။ မိုချန် အမှတ်တော့ ရအောင်ကစားလိမ့်မယ်။
ဟော်ဖန်ဟင်မ် - ဝုလ်ဖ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)
ဝုလ်ဖ်ဘတ်ရဲ့အရှိန်ကို ဟော်ဖန်ဟင်မ်အသင်း ရပ်တန့် နိုင်ဖို့ အတော်လေးရုန်းကန်ရမယ်။ ကြားရက်မှာ လိုက်ပ်ဇစ်နဲ့ ဂျာမန်ဖလားပွဲကစားခဲ့ရတဲ့ ဝုလ်ဖ်ဘတ် ပွဲပန်းနေနိုင်တာ သတိပြုသင့်တယ်။ ဟော်ဖန်ဟင်မ် အမှတ်ရဖို့များတယ်။
ဖရိုင်းဘတ် - လိုက်ပ်ဇစ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)
လိုက်ပ်ဇစ်အသင်းက အခုပွဲပြီးရင် လီဗာပူးလ်နဲ့ ချန်ပီယံလိဂ်ပွဲကျပ်ကစားရဖို့ရှိပေမဲ့ မျှော်လင့်ချက်နည်းနေတာကြောင့် ပြည်တွင်းပွဲဘက်ကိုပဲ ပိုပြီးအာရုံစိုက်ဖို့များတယ်။ ဖရိုင်းဘတ်ကလည်း ဒေါ့မွန်၊ လေဗာကူဆင်အသင်းတွေကို အနိုင်ကစားထားတဲ့အသင်းဖြစ်လို့ လျှော့တွက်လို့တော့မရဘူး။ ဒါပေမဲ့ လိုက်ပ်ဇစ်ကိုပဲ ရွေးချယ်ချင်တယ်။
ဖရန့်ဖတ် - စတုဂတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)
ဖရန့်ဖတ်က နိုင်ပွဲဆက်နေမှု ရပ်တန့်သွားချိန်မှာ စတုဂတ်ကတော့ အရှိန်ပြန်ရလာတာတွေ့ရတယ်။ ဒါပေမဲ့ ဖရန့်ဖတ် နိုင်ပွဲပြန်ရရင် အံ့သြစရာမရှိပါဘူး။
ဟာသာဘာလင် - အော့စ်ဘတ် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၉:၀၀ နာရီ)
လတ်တလောစွမ်းဆောင်ရည်ချင်းယှဉ်ရင် လေဗာကူဆင်ကို သရေကစားပြီး နောက်ဆုံးပွဲမှာ နိုင်ပွဲရထားတဲ့ အော့စ်ဘတ်က သာပါတယ်။ အော့စ်ဘတ် အမှတ်ရလိမ့်မယ်။
ဘိုင်ယန်မြူးနစ် - ဒေါ့မွန် (မြန်မာစံတော်ချိန် မတ်လ ၆ ရက် ည ၁၂:၀၀ နာရီ)
ဘိုင်ယန်မြူးနစ်အသင်းက ဒေါ့မွန်နဲ့နောက်ဆုံးတွေ့ဆုံမှု (၄)ပွဲဆက်တိုက် အနိုင်ကစားထားပါတယ်။ လာမယ့်ကြားရက်မှာ ဒေါ့မွန်က ဆီဗီလာအသင်းနဲ့ ချန်ပီယံလိဂ်အဆုံးအဖြတ်ပွဲ ကစားရဖို့ရှိတဲ့အပြင် ပွဲကျပ်တွေ တောက်လျှောက်ကစားရမယ့်အခြေအနေက အာရုံများနိုင်တာ အသေအချာပါပဲ။ ဘိုင်ယန်ကတော့ ကြားရက်မှာ ဘာပွဲမှ မကစားထားတဲ့အပြင် အခုတစ်ပတ်မှာ ချန်ပီယံလိဂ်ပွဲလည်းမရှိတာက အခုတွေ့ဆုံမယ့်ပွဲမှာ အားသာချက်တစ်ခုလို ဖြစ်နေနိုင်တယ်။ ဘိုင်ယန်တိုက်စစ်က ယုံကြည်မှုပိုရှိလာလို့ အခုပွဲလည်း အနိုင်ကစားမှာ သေချာတယ်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
