စပါးအသင်းနည်းပြ မော်ရင်ဟိုက တောင်ပံကစားသမား ဂါရတ်ဘေးလ်၏ အနာဂတ်မှာ ရီးယဲလ်အသင်း၏ လက်ထဲတွင်သာရှိသည်ဟု ပြောကြားခဲ့သည်။
စပါးအသင်းသည် ပြီးခဲ့သည့် ၂၀၂၀ နွေရာသီအပြောင်းအရွှေ့ကာလတွင် ဂါရတ်ဘေးလ်ကို ရီးယဲလ်အသင်းထံမှ တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူထားပြီး နောက်ပိုင်းပွဲစဉ်များတွင် ခြေစွမ်းပြနေသူဖြစ်သည်။
ထို့ကြောင့် ဂါရတ်ဘေးလ်အား စပါးအသင်းအနေဖြင့် ဂါရတ်ဘေးလ်ကို နောက်ထပ်တစ်ရာသီ အငှားခေါ်ယူရန် အစီအစဉ် ရှိသလားဟု သတင်းထောက်များ မော်ရင်ဟိုကို မေးမြန်းခဲ့သည်။
ယင်းမေးခွန်းများကို မော်ရင်ဟိုက "သူက ရီးယဲလ် ကစားသမားပါ။ ကျွန်တော့်အနေနဲ့ အငှားခေါ်ယူထားတုန်းမှာ သူ့ဆီက အကောင်းဆုံးစွမ်းဆောင်ရည် ရယူနိုင်ဖို့ပဲ ကြိုးစားနေ ပါတယ်။ သူ့အနာဂတ်ကို သိချင်ရင် ရီးယဲလ်နည်းပြ ဇီဒန်းကိုပဲ သွားမေးသင့်ပါတယ်"ဟု ပြောကြားခဲ့သည်။
အသက် (၃၁)နှစ်အရွယ်ရှိ ဝေးလ်စ်တောင်ပံကစားသမား ဂါရတ်ဘေးလ်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ(၂၀)တွင် (၃)ဂိုး သွင်းယူပေးထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
