မြန်မာနိုင်ငံတွင် အမြဲနေထိုင်ခွင့် (PR) ရရှိပြီးသူများနှင့် နိုင်ငံခြားသားအဖြစ် ခံယူထားသော မူလမြန်မာနိုင်ငံဖွား အထူးကုဆရာဝန်များနှင့်ဆရာဝန်များနှင့်ပတ်သက်သော ကန့်သတ် အထွေထွေဆေးကုသခွင့် လိုင်စင်နှင့်ကန့်သတ်အထူးဆေးကုသခွင့် လိုင်စင်ကြေးများကို လာမည့် ၂၀၂ဝပြည့်နှစ် ဇန်နဝါရီ ၁ရက်မှစ၍ ဖြေလျှော့ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။
“မြန်မာနိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့် (PR) ရရှိပြီးသူတွေနဲ့ နိုင်ငံခြားသားအဖြစ် ခံယူထားတဲ့ မူလမြန်မာနိုင်ငံဖွား ဆရာဝန်တွေကို ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရာမှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၉ ရက်က ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးမှာ ရှင်းလင်းပြောကြားခဲ့တဲ့အတိုင်း ကောက်ခံတဲ့ လိုင်စင်ကြေး အပါအဝင် ကန့်သတ်မှုတွေကို အတိုင်းအတာတစ်ခုအထိ ဖြေလျှော့ဆောင် ရွက်ပေးခြင်းဖြင့် ပြည်ပရောက် မူလမြန်မာ နိုင်ငံဖွားဆရာဝန်များနဲ့ နိုင်ငံတွင်းမှာရှိတဲ့ ဆရာဝန်တွေအကြား အတွေ့အကြုံပညာရပ် တွေကို နှစ်ဦးနှစ်ဘက် အပြန်အလှန် မျှဝေ ဖလှယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် ဆေးကုသခွင့် လိုင်စင်လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်အကြောင်း အရာများကို အလွယ်တကူသိရှိနိုင်စေရန်အတွက် ကိုယ်ပိုင်အင်တာနက်စာမျက်နှာ ဝက်ဆိုဒ်တစ်ခုထူထောင်၍ ကြိုတင်အသိပေး ကြေညာ ထားစေလိုကြောင်း၊ လိုင်စင်လျှောက်ထားခြင်း၊ လိုင်စင်ကြေးများ ပေးသွင်းခြင်းများ ကိုလည်း ပိုမိုအဆင်ပြေစေရန်အတွက် အွန်လိုင်းမှတစ်ဆင့် ပြုလုပ်နိုင်ရန် စီစဉ်ဆောင် ရွက်ပေးစေလိုကြောင်း နှင့် သက်ဆိုင်ရာဆေး ပညာရပ်အလိုက် အထူးကုဆရာဝန်များအား မြန်မာနိုင်ငံဆေးကောင်စီ၊ သက်ဆိုင်ရာဆေးပညာအဖွဲ့များနှင့် ဝန်ကြီး ဌာနတို့ ပူးပေါင်းပြီး အရည်အချင်းစစ်စာမေးပွဲများ ပြုလုပ်၍ ဘုတ်အဖွဲ့အသိအမှတ်ပြု အထူးကုဆရာဝန်များအဖြစ် အသိအမှတ် ပြုလက်မှတ်ထုတ်ပေးနိုင်ရေး ဆောင်ရွက်စေလိုကြောင်း စသည်တို့ကို ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးပြောကြားသည်။
ထို့ပြင် လိုင်စင်ကြေးများကို ယခင်ကဲ့သို့ တစ်ကြိမ်လျှင် သုံးလစာစုပေါင်းသွင်းရခြင်း မျိုးမဟုတ်ဘဲ တစ်လချင်းလိုအပ်ချက် နှင့်အညီ ပေးသွင်းနိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆေးကောင်စီဥက္ကဋ္ဌ ဒေါက်တာ အက်စ်ကျော်လှက ဆိုသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
