ရန်ကုန်တိုင်းဒေသကြီး သာဓုကန်စက် မှုဇုန်ရှိ(၂)ရှိ World Jin အထည်ချုပ်စက်ရုံအလုပ်သမားများ တစ်လနီးပါးကြာသည်အထိ ဆန္ဒပြနေသော်လည်း တောင်းဆိုမှုများမရသေးကြောင်း ဒီဇင်ဘာ ၂ ရက်က စုံ စမ်းသိရှိရသည်။
World Jin အထည်ချုပ်စက်ရုံ အလုပ်သမား ၂ဝဝကျော်သည် တောင်းဆိုချက် ၁၇ ချက်ဖြင့် နိုဝင်ဘာ ၇ ရက်မှ စတင်ကာ လုပ််ငန်းခွင်မဝင်ဘဲ ဆန္ဒပြနေကြခြင်းဖြစ် သည်။ လက်ရှိအချိန်ထိ အလုပ်သမားများ တောင်းဆိုထားသော အချက် ၁၇ ချက်အ နက် ၁၄ ချက်မှာ ပြေလည်မှုမရသေးဘဲ ညှိ နှိုင်းနေဆဲဖြစ်ကြောင်း ဆန္ဒထုတ်ဖော်နေသူ များထံမှ သိရသည်။
“ကျွန်တော်တို့ဆန္ဒပြနေတာ၂၆ ရက်ရှိ ပြီ။ သေချာတဲ့ဆုံးဖြတ်ချက်မပေးသေးဘူး။ တောင်းဆိုချက်၁ရချက်မှာ ၁၄ ချက်ပြေလည်မှုမရသေးဘူး။ရုံးပေါ်မှာနေ့တိုင်းလို လိုညှိပေမဲ့ အဆင်မပြေဘူး။ ကျွန်တော်တို့ကတော့ တောင်းဆိုထားတဲ့အချက် အကုန် လုံးရမှ အလုပ်ပြန်ဝင်မယ်။ သူဌေးကိုရီးယား က သူ့နိုင်ငံကိုပြန်ပြီး ပိုက်ဆံပြန်ရှာတယ်လို့တော့ ပြောတာပဲ” ဟု World Jin အထည် ချုပ်စက်ရုံလုပ်သား ကိုကျော်လင်းဦးက ပြောကြားသည်။
အလုပ်သမားများ ဆန္ဒပြနေသော World Jin စက်ရုံတွင် အထည်ချုပ်လုပ်သား ပေါင်း ၃၅၀ ခန့်ရှိပြီး ဆန္ဒဖော်ထုတ် တောင်း ဆိုသူ ၂၅ဝဦးခန့်ရှိသည်။
အဆိုပါ စက်ရုံတွင်ယခင်က ဆန္ဒထုတ် ဖော်တောင်းဆိုမှု နှစ်ကြိမ် ပြုလုပ်တောင်း ဆိုခဲ့သော်လည်းအလုပ်ရှင်ဘက်က သဘောတူညီချက်များအား မလိုက်နာဘဲချိုးဖောက်ခြင်း ဖြစ်ကြောင်း အလုပ်သမားများထံမှ စုံစမ်းသိရသည်။
ဆန္ဒပြအလုပ်သမားများ၏ တောင်းဆို ချက်များအနက် လုပ်သက်ခံစားခွင့်ရရှိရန်၊ ရှောင်တခင်ခွင့်ရရှိရန်၊ ပုံမှန်အလုပ်ချိန်အ တွင်း လစာထုတ်ပေးရန်၊ ညွှန်ကြားချက် မလိုက်နာသော အလုပ်ရှင်အား အရေးယူ ပေးရန်၊ ကတိဝန်ခံချက်ဖျောက်ဖျက်သော အလုပ်ရှင်အား ဦးစီးဌာနများမှ အရေးယူ ပေးရန်၊ အီးစီစာချုပ်အမြန်ဆုံးချုပ်ပေးရန်၊ အရေးပေါ်ထွက်ပေါက်တွေ စီစဉ်ပေးရန်၊ အလုပ်ပိတ်ရက် အလုပ်ဆင်းရလျှင် လက်ငင်းပေးရန်၊ သန့်ရှင်းရေးအလုပ်သမားများ အချိန်ပိုဆင်းရလျှင် အချိန်ပိုကြေးပေးရန် စသည်တို့အပါအဝင် အချက် ၁၄ ချက်မှာ စက်ရုံတာဝန်ရှိသူများနှင့် ညှိနှိုင်းနေဆဲဖြစ် ကြောင်း ဆန္ဒထုတ်ဖော်နေသည့် အလုပ်သမားများထံမှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
