Wisdom Hill မူကြို ကျောင်းကြီးကြပ်ရေးမှူး ဒေါ်ဥမ္မာလှိုင်မှ ရှေ့နေဒေါ်စုဒါလီအောင်အား တရားစွဲဆိုထားသည့်အမှုတွင် ဒေါ်ဥမ္မာလှိုင်မှ ၎င်း၏သားနှစ်ဦးအား သက်သေစာရင်းမှ ပယ်ဖျက်ပေးရန်လျှောက်ထားမှုအပေါ် ဥပဒေအရာရှိမှလက်ခံခဲ့ခြင်းမရှိကြောင်း သိရသည်။
တရားလိုဒေါ်ဥမ္မာလှိုင်၏သားနှစ်ဦးအား ပုဗ္ဗသီရိမြို့နယ်တရားရုံး၌ ဒီဇင်ဘာ ၂ ရက်တွင် တရားလိုပြသက်သေအဖြစ် စစ် ဆေးရန်ချိန်းဆိုခဲ့သော်လည်း အဆိုပါကလေး နှစ်ဦးမှာတရားရုံးသို့လာရောက်ခြင်း မရှိခဲ့ ပေ။
ယင်းသို့ရောက်လာခြင်းမရှိသည့်အပေါ် ဥပဒေအရှိမှ တရားလိုဒေါ်ဥမ္မာလှိုင် အနေဖြင့် ၎င်း၏သားနှစ်ဦးအား သက်သေစာရင်းအဖြစ်မှပယ်ရန် လျှောက်ထားခဲ့မှုကို ၎င်းအနေဖြင့်လက်မခံကြောင်း ဥပဒေအရာရှိက တရားခွင်၌ ပြောကြားသည်။
“တရားရုံးကို ရောက်လာခြင်းမရှိတဲ့အတွက် သက်သေတွေ ဆင့်စာတည်၊ မတည် ဒုရဲအုပ်ဇော်လင်းထက်ကို မေးတယ်။ ဒုရဲအုပ်က ဆင့်စာတည်ပါတယ်လို့ပြောတယ်။ဆင့်စာပြန်သွင်းပေးပါမယ်လို့ ပြောတယ်။ ဒီလိုပြောတဲ့အခါမှာ ဆင့်စာတည်ရင် ဘယ်မှာလဲ သက်သေပါလားမေးတဲ့အခါမှာ ၄၉၃ နဲ့ လိုက်တဲ့တရားလိုရဲ့ ရှေ့နေကနေပြီးတော့ သက်သေနှစ်ယောက်က စာမေးပွဲရှိနေလို့ ဒီတစ်ပတ်မလာနိုင်ဘူး။ ဥပဒေအရာရှိက ပြောတယ်။ ဒေါ်ဥမ္မာလှိုင်က ကောင်လေးနှစ်ယောက်ကို သက်သေကိုပယ်ပေးဖို့ သူ့ကို တင်ပြထားတယ်။ ဒါပေမဲ့ သူက ခွင့်မပြုဘူးလို့ ပြောတယ်။ အဲဒါကိုရုံးကလည်း တရားဝင်မှတ်တမ်းတင်ပါတယ်”ဟု စွပ်စွဲခံရသူ တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင် က ပြောကြားသည်။
ဒေါ်ဥမ္မာလှိုင်၏သားနှစ်ဦးမှာ တရား ရုံးသို့ လာရောက်ခြင်းမရှိသည့်အတွက် စစ် ဆေးနိုင်ခြင်း မရှိသော်လည်း ပုဗ္ဗသီရိမြို့နယ် တရားသူကြီးက လာမည့်ဒီဇင်ဘာ ၁၆ ရက် တွင် အဆိုပါကလေးနှစ်ဦးအား စစ်ဆေးရန် ထပ်မံချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အမှုစစ်ရဲ အရာရှိအား စစ်ဆေးရန်ချိန်ဆိုခဲ့သည်။
“ကလေးသူငယ်များဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်ဥပဒေပုဒ်မ ၉၆ နဲ့ နည်းဥပဒေများအရ သီးခြားစစ်ပါမယ်။ တရားသူကြီးရဲ့ အခန်းထဲမှာသီးသန့်စစ်မယ်။အပြင်လူမပါဘူး။ ကာယံကရှင် အမှုသည် တွေပါမယ်။ နှစ်ဖက်ရှေ့နေပါမယ်။ သက်သေပါမယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။
စွပ်စွဲခံထားရသူ အောင်ကြီးဘက်မှ ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်သူ ဒေါ်စုဒါလီအောင်အား Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးဒေါ်ဥမ္မာလှိုင်က ကလေးသူငယ်များ အခွင့်ရေးဆိုင်ရာဥပဒေ ပုဒ်မ ၁၀၁ (က)(၂) ဖြင့် တရားလိုပြုလုပ်ကာ ပုဗ္ဗသီရိမြို့နယ်တရားရုံး၌ စက်တင်ဘာ ၂၅ ရက်က စတင်တရားစွဲဆိုခဲ့သည်။
တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်အား ကလေးသူငယ်များအခွင့်ရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၁ (က) (၂)ဖြင့် အမှုဖွင့်ခဲ့ခြင်းမှာ ၂၀၁၉ ခုနှစ် သြဂုတ် ၁၄ ရက် ဗစ်တိုးရီးယားရုံးချိန်း၌ ဗစ်တိုးရီးယား ကလေးငယ်၏ဖခင်အား စစ်ဆေးမေးမြန်း ပြီးနောက် ဒေါ်စုဒါလီအောင်မှာ BBC သတင်းဌာနနှင့်ပြုလုပ်ခဲ့သည့် အင်တာဗျူးသည် အရွယ်မရောက်သေးသည့် ၎င်းင်း၏သားများနှင့်ပတ်သက်၍ ယင်းကဲ့သို့ မီဒီယာကိုချပြမှုသည် သားများ၏ စိတ်ပိုင်းဆိုင်ရာကို များစွာ ထိခိုက်နစ်နာစေသဖြင့် တရားစွဲဆိုရ ခြင်းဖြစ်ကြောင်း တရားလိုဒေါ်ဥမ္မာလှိုင်က တရားခွင်၌ ထွက်ဆိုထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
