Top News

ဗစ်တိုးရီးယားအမှုတွင် ပျောက်ဆုံးနေသည့် CCTV မှတ်တမ်းများ ပြန်လည်ဖော်ထုတ်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ ပညာရှင်များအား ရုံးခေါ်သက်သေအဖြစ်ခေါ်ယူရန် အောင်ကြီး၏ ရှေ့နေဘက်မှ တင်ပြ
24htopnews | October 10, 2024 9:12 AM CST

ဗစ်တိုးရီးယားအမှုတွင် ပျောက်ဆုံးနေ သည့် CCTV မှတ်တမ်းများ ပြန်လည်ဖော်ထုတ်ရန် မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ ပညာရှင်များအား ရုံးခေါ်သက်သေအဖြစ် ခေါ်ယူရန် စွပ်စွဲခံထားရသူ အောင်ကြီး၏ရှေ့နေဘက်မှ တင်ပြထားကြောင်း သိရသည်။

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ တရားရုံးပေါ်သို့ ရောက်ရှိနေသည့် CCTV အထိုင်စက် DVR+Hardisk ထဲတွင် မှတ်တမ်းများ လုံးဝပါဝင်လာခြင်းမရှိသည့် အပေါ် ဒက္ခိဏခရိုင်တရားသူကြီးအားတရား လိုဘက် ဥပဒေအရာရှိမှ ကွန်ပျူတာ IT ပစ္စည်းများသည် အချိန်မရပါက ဖော်ထုတ်ရန်အခက်အခဲရှိသည့်အတွက် အချိန်တိုးမြှင့်ပေးရန် ပြီးခဲ့သည့်ရုံးချိန်းကလျှောက်တင်ခဲ့သည်။

ယင်းသို့လျှောက်တင်မှုအပေါ် ခရိုင် တရားသူကြီးဦးတင့်လွင်မှ ကျွမ်းကျင်ပညာရှင်များ၏စာရင်းအား  ဥပဒေအရာရှိမှ တာ ဝန်ယူကာ တရားရုံးသို့ အားလပ်သည့်အချိန်တွင် တင်ပြရန်အမိန့်ချမှတ်ထားခဲ့ပြီးနောက် စွပ်စွဲခံထားရသူအောင်ကြီး၏ရှေ့နေဘက်မှ မြန်မာနိုင်ငံကွန်ပျူတာအသင်းမှ ပညာရှင်များ၏စာရင်းအား ခရိုင်ဥပဒေရုံးသို့ နိုဝင် ဘာ ၂၇ ရက်က တင်ပြထားခဲ့ကြောင်း သိရသည်။

“ဥပဒေအရာရှိကနေပြီးတော့ တရားရုံးကို ကျွန်မတို့တင်ပြတဲ့ဟာတွေကို တစ်ဆင့် ပြန်တင်ပြမယ်လို့ ပြောတယ်။ ကျွန်မတို့က တော့ ဥပဒေရုံးကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်များအသင်းက ကွန်ပျူတာနဲ့ CCTV ကျွမ်းကျင်တဲ့ပညာရှင်ကို ဆင့်ခေါ် ပေးဖို့ဆိုပြီး ဒက္ခိဏတရားသူကြီးထံမှာ ကျွန်မတို့က စာတင်တယ်။ ခရိုင်တရားသူ ကြီးက သက်သေ IT ပညာရှင်ခေါ်တဲ့ဟာကို ဥပဒေရုံးကိုတင်ပါဆိုတဲ့အတွက် တရားရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ကျွန်မတို့ဘက်တင်ပြ မယ့် IT ပညာရှင်ကို မြန်မာနိုင်ငံကွန်ပျူတာ အသင်းက ကျွမ်းကျင်ပညာရှင်ကို ဥပဒေရုံးကိုစာတင်ပြီးသွားပါပြီ”ဟု တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောကြားသည်။

လက်ရှိတင်ပြထားသည့် ကွန်ပျူတာ ပညာရှင်များစာရင်းသည် စွပ်စွဲခံရသူ အောင်ကြီးဘက်မှ တင်ပြသည့် စာရင်းဖြစ်ပြီး တရားလိုနှင့် ဥပဒေအရာရှိဘက်မှတင်ပြမည့် ပညာရှင်များစာရင်းအား ဥပဒေအရာရှိ မှတစ်ဆင့် ဒက္ခိဏခရိုင်တရားသူကြီးထံသို့ တင်ပြသွားမည်ဖြစ်ကြောင်း သိရသည်။

ဒေါ်စုဒါလီအောင်က “ကျွမ်းကျင်ပညာ ရှင်ဆိုပြီးတော့တင်ထားတာ။ ဘယ်နှယောက် ဖြစ်မယ်ဆိုတာ မသိသေးဘူး။ တရားလို ဘက်ကလည်း ဘယ်နှယောက်ဖြစ်မယ်ဆို တာ မသိသေးဘူး။ တရားရုံးက အရင်တစ်ခါ ခွင့်ပြုထားတယ်။ တင်ပြပါလို့ပဲပြောတယ်။ ဥပဒေအရာရှိကနေပြီးတော့ ကျွန်မတို့တင် ပြတဲ့စာတွေကို တရားရုံးကို တင်ပြမယ်ဆိုရင် တရားရုံးက ဆုံးဖြတ်၊ မဆုံးဖြတ်မယ်ဆိုတာ မသိသေးဘူး။ တရားရုံးကတင်ပြလို့ ပြော ထားတယ်။ ဥပဒေရုံးက ဒီအချိန်းမှာတင်ပြ မယ်လို့ပြောတယ်”ဟုပြောကြားသည်။

ဗစ်တိုးရီးယားအမှုနှင့်ပတ်သက်၍ လာမည့် ဒီဇင်ဘာ ၄ ရက်တွင် ပြီးခဲ့သည့်ရုံးချိန်းတွင် စစ်ဆေးရန် မပြီးပြတ်ေသေးသည့် Wisdom Hill မူကြိုကျောင်း ကြီးကြပ်ရေးမှူးအား ဒေါ်ဥမ္မာလှိုင်နှင့် Wisdom Hill ကျောင်းမှဆရာမနှစ်ဦးအား စစ်ဆေးရန် ချိန်းဆိုထားသည်။      

 

 

         

 


READ NEXT
Cancel OK