ပုံစံ (၇) ရရှိရေး လျှောက်ထားတင်ပြသည့် လယ်သမား ၁၄ ဦးထံမှ ငွေကျပ်သိန်း ၂၀၀ တောင်းခံသည့် ရေးမြို့နယ်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် ဒုတိယဦးစီးမှူးအား အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒီဇင်ဘာ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စုတွင် တပ်မတော်မှ ပြန်လည်စွန့်လွှတ် ခဲ့သည့် သိမ်းဆည်းခံလယ်ယာမြေ ကွင်းအမှတ် (၁၁၄၃)၊ ဦးပိုင်အမှတ် (၈/၁၅)၊ (၈/၁၆)၊ (၉/၁၇)၊ (၁၄)၊ (၈)ရှိ လယ်မြေ (၄၅၃)ဧကနှင့်ပတ်သက်၍ မူလလယ်ပိုင်ရှင်များက ပြန်လည်ရရှိရေး အဆင့်ဆင့်တိုင်ကြားခဲ့ သည့်အပေါ် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်က တစ်ဧကလျှင် တစ်သိန်းနှုန်း ပေးပါက ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း ပြောဆို၍ ငွေကျပ် သိန်း (၅၀) ပေးခဲ့ရသည့်အပေါ် အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မွန်ပြည်နယ်၊ ရေးမြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်(ယခု ဒုတိယဦးစီးမှူး မော်လမြိုင်မြို့နယ် လယ်ယာ မြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန)သည် တပ်မတော်မှ ပြန်လည်စွန့်လွှတ်ခဲ့သည့် ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု၊ ရေပေါ်သောင်ကွင်း၊ ကွင်းအမှတ် (၁၁၄၃)တွင် မူလပိုင်ရှင်များထံမှ ဝယ်ယူခဲ့ကြောင်း စာချုပ်များတင်ပြကာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ရရှိရေး လျှောက်ထားတင်ပြလာသည့် လယ်ပိုင်ရှင်(၁၄)ဦး ထံမှ ငွေကျပ် သိန်း (၂၀၀) တောင်းခံခဲ့ရာ ပထမအကြိမ် ငွေကျပ် (၂၅) သိန်းနှင့် ဒုတိယအကြိမ် ငွေကျပ် (၂၅) သိန်း စုစုပေါင်း ငွေကျပ် သိန်း (၅၀) ကို လက်ခံရယူခဲ့ခြင်းဖြင့် ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မွန်ပြည်နယ်၊ ရေးမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဒုတိယဦးစီးမှူး (ဦးစီးမှူးတာဝန်) ဦးဝင်းအောင်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ အရ မွန်ပြည်နယ်၊ ရေးမြို့မရဲစခန်းတွင် ဒီဇင်ဘာ ၂ ရက်နေ့၌ ပထမသတင်းပေး တိုင်ကြား ချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
