ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ရုံးရှေ့မျက်နှာစာ၌ "ဖောက်ပြန်သူအပေါင်း တီးတဲ့စောင်းမှာ ခွပ်ဒေါင်း ဘယ်ခါမကပါ" ဟူသော စာတန်းကို ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက စတင်၍ ချိတ်ဆွဲထားသည်။
အဆိုပါ စာတန်း စတင်ချိတ်ဆွဲချိန်သည် ရန်ကုန်တက္ကသိုလ် ရာပြည်အထိမ်းအမှတ် ဖွင့်ပွဲအခမ်းအနား စတင် မကျင်းပမီ မိနစ်ပိုင်းအလိုတွင် ချိတ်ဆွဲခဲ့ခြင်းဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ထိ တစ်နှစ်တာ ပြုလုပ်မည် ဖြစ်သည်။
ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ အနေဖြင့် ရာပြည့်သဘင်အခမ်းအနားကျင်းပရေး ကော်မတီများ ၊ ဆပ်ကော်မတီများတွင် ကိုယ်စားလှယ်များ အဖွဲ့ဝင်အဖြစ် ပါဝင်နေခြင်းသည် ကျောင်းသားထုအတွက် မည်သည့်အကျိုးမျှ မဖြစ်ထွန်းစေသည့်အပြင် သမဂ္ဂကိုယ်စားလှယ်များအား ထည့်သွင်းထားခြင်းသည်လည်း သမဂ္ဂလုပ်ငန်းစဉ် ဆောင်ရွက်ရန်မဟုတ်ဘဲ အစိုးရက ချမှတ်သော လုပ်ငန်းစဉ်များ ဆောင်ရွက်ရန်နှင့် ယင်းလုပ်ငန်းများကိုကြားဝင် တာဝန်ခံပေးရန်သာဖြစ်သည်ဟု ယူဆကြောင်း၊ သမဂ္ဂသည် မည်သည့်ပါတီ အဖွဲ့အစည်း၏ လက်အောက်ခံမျှ မဟုတ် ဟူသည့် မူအရ လက်ရှိရန်ကုန်တက္ကသိုလ်၌ အစိုးရ ပါတီတစ်ခုက ဦးဆောင်ပြုလုပ်နေသော နိုင်ငံရေး၊ စီးပွားရေး အမြတ်ထုတ်မည့် ပျော်ပွဲရွှင်ပွဲကြီးတွင် ကျွနု်ပ်တို့ သမဂ္ဂသည် အစိုးရလက်ဝေခံအဖြစ် ပါဝင်လိုခြင်း မရှိကြောင်း၊ ကော်မတီများမှ နုတ်ထွက်ကြောင်းနှင့် ကော်မတီများ၏ ဆက်လက်ဆွေးနွေးမည့် အစည်းအဝေးများတွင် ဖိတ်ကြားလာပါက လေ့လာသူအနေဖြင့်သာ တက်ရောက်မည်ဖြစ်ကြောင်း နိုဝင်ဘာ ၂၂ ရက်က ကြေညာချက် ထုတ်ပြန်ထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
