Top News

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနား စတင်ကျင်းပ
24htopnews | October 10, 2024 9:12 AM CST

ရန်ကုန်တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် စတင်သည့် အခမ်းအနားကို (ယနေ့) ဒီဇင်ဘာ ၂ ရက် နံနက်ပိုင်းက ကျင်းပသည်။

အဆိုပါ ရာပြည့် အထိမ်းအမှတ် စတင်သည့် အခမ်းအနားကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့ပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာမျိုးသိမ်းကြီး၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက် မိန့်ခွန်း ပြောကြားခဲ့သည်။

 

ရန်ကုန်တက္ကသိုလ် ရာပြည့် အထိမ်းအမှတ် လှုပ်ရှားမှုများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာ ၃၁ ရက်ထိ တစ်နှစ်တာ ပြုလုပ်မည် ဖြစ်သည်။

 

 

 

 

 

 


READ NEXT
Cancel OK