မြန်မာနိုင်ငံတစ်ဝန်း ပုဂ္ဂလိက စက်သုံးဆီပေါင်း ၂၆၄၂ ဆိုင်အထိရှိလာပြီး မန္တလေး၊ ပဲခူး၊ စစ်ကိုင်း၊ ဧရာ ဝတီ၊ ရန်ကုန်၊ မကွေးတိုင်းဒေသကြီးတို့တွင် စက်သုံးဆီဆိုင် ၁၇၂၆ ဆိုင် ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန် ကြီးဌာနမှ သိရသည်။
၂၀၁၉ ခုနှစ် ၁၀ လဝန်းကျင်အ တွင်း စက်သုံးဆီဆိုင် ၂၅၀ ကျော် ခွင့် ပြုခဲ့ပြီး တစ်နိုင်ငံလုံးတွင် ပုဂ္ဂလိက စက်သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိ ရှိလာကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ စက်သုံးဆီဖြန့် ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးထားသောစာရင်းများအရ သိရသည်။
၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၂၇ ရက် အထိ မြန်မာနိုင်ငံတစ်ဝန်း၌ ပုဂ္ဂလိ က စက်သုံးဆီ ဆိုင် ၂၃၈၉ ဆိုင်ခွင့်ပြု ထားရာမှ ၂၀၁၉ ခုနှစ် အောက်တို ဘာ ၃၁ ရက်စာရင်းများအရ စက် သုံးဆီဆိုင်ပေါင်း ၂၆၄၂ ဆိုင်အထိ ခွင့်ပြုခဲ့ရာ ၁၀ လဝန်းကျင်အတွင်း စက်သုံးဆီဆိုင် ၂၅၃ ဆိုင် လိုင်စင် ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
၂၀၁၉ ခုနှစ် အောက်တိုဘာ ၃၁ ရက်အထိ တိုင်းဒေသကြီးနှင့် ပြည် နယ်များအလိုက် စက်သုံးဆီဖြန့်ဖြူး ရောင်းချခွင့်လိုင်စင် ထုတ်ပေးထား သော စက်သုံးဆီဆိုင်များမှာ ပြည် ထောင်စုနယ်မြေတွင် ၉၄ ဆိုင်၊ ရန် ကုန်တိုင်းဒေသကြီးတွင် ၁၈၆ ဆိုင်၊ မန္တလေးတိုင်းဒေသကြီးတွင် ၆၄၇ ဆိုင်၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၂၁၄ ဆိုင်၊ ပဲခူးတိုင်းဒေသကြီးတွင် ၂၆၁ ဆိုင်၊ မကွေးတိုင်းဒေသကြီးတွင် ၁၈၇ ဆိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး တွင် ၂၃၁ ဆိုင်၊ တနင်္သာရီတိုင်းဒေသ ကြီးတွင် ၂၉ ဆိုင်၊ ကချင်ပြည်နယ် ၌ ၁၁၇ ဆိုင်၊ ကယားပြည်နယ်တွင် ၁၈ ဆိုင်၊ ကရင်ပြည်နယ်တွင် ၅၂ ဆိုင်၊ ချင်းပြည်နယ်တွင် ငါးဆိုင်၊ မွန်ပြည်နယ်တွင် ၁၃၇ ဆိုင်၊ ရခိုင် ပြည်နယ်တွင် ၃၈ ဆိုင်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း၌ ၅၇ ဆိုင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ၁၉၄ ဆိုင်၊ ရှမ်း ပြည်နယ်တောင်ပိုင်း၌ ၁၇၅ ဆိုင်တို့ ဖြစ်သည်။
စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှုမရှိပါက ပေးဆောင်ရမည့်ဒဏ်ကြေးငွေကို မကိုက်ညီမှုတစ်မျိုးလျှင် ကျပ် ၁၀ သိန်းအထိ တိုးမြှင့်သတ်မှတ်လိုက် ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင် သွင်း ရောင်းချဖြန့်ဖြူးရေးအသင်းက စက်တင်ဘာ ၂၇ ရက်တွင် အသိပေး ကြေညာခဲ့သည်။
ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင် ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ် ရေးကော်မတီ၊ အစည်းအဝေးအမှတ် စဉ် (၃/၂၀၁၉) ၏ အစည်းအဝေးဆုံးဖြတ်ချက်နှင့် ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၉ ရက်စွဲပါ စာအမှတ် MOEE ၁/၁၉ (ကြီးကြပ်-၂) (၁၅၆၁၅) / ၂၀၁၉ အရ ဒဏ်ကြေးငွေတိုးမြှင့်သတ်မှတ်ခဲ့ခြင်းဖြစ် သည်။
တိုင်းဒေသကြီး/ပြည်နယ် ရေနံကြီး ကြပ်/ဆပ်ကော်မတီများ အနေဖြင့် ပုဂ္ဂလိက စက်သုံးဆီဆိုင် များကို စက်သုံးဆီအရည်အသွေးနှင့် အခြင်အတွယ်မှန်ကန်ကိုက်ညီမှု ရှိ/မရှိ အခါအားလျော်စွာ ရှောင်တခင် စစ်ဆေးရာ၌ ကိုက်ညီမှု မရှိ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သော် ယခင်က မကိုက်ညီမှုတစ်မျိုးလျှင် ပေးဆောင်ရမည့်ဒဏ်ကြေးငွေ ကျပ် ငါးသိန်းမှ ယခုအခါ ဒဏ်ကြေးငွေ ကျပ် ၁၀ သိန်းသို့ ၂၀၁၉ ခုနှစ် ဒီဇင် ဘာ ၃၁ ရက်အထိ တိုးမြှင့်သတ်မှတ် လျက် ပြစ်ဒဏ်ချမှတ် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်နှင့်တိုင်းဒေသကြီးအတွင်း ရှိ စက်သုံးဆီအရောင်းဆိုင်များအ နေဖြင့် သိရှိနိုင်ရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူး ရေးအသင်းက အသိပေးအကြောင်း ကြားခဲ့ခြင်း ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတန်ချိန် ၄ ဒသမ ၉ သန်းကျော် တင်သွင်းမှုမှ ဒေါ်လာ ၂ ဒသမ ၉ ဘီလျံကျော်ရှိသော် လည်း ယခင်နှစ်ကာလတူထက် တင် သွင်းမှုတန်ချိန် ၄၈၀,၀၀၀ ကျော်နှင့် ဒေါ်လာသန်း ၃၈၀ ကျော် လျော့ကျ ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ သြဂုတ် ၃၀ ရက်အထိ ပြည်ပမှ စက်သုံးဆီ တန်ချိန် ၄ ဒသမ ၉၅၇ သန်းကျော် တင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ၂ ဒသမ ၉၄၂ ဘီလျံအထိရှိသည်။ ယခင်နှစ်ကာလတူတွင် တန်ချိန် ၅ ဒသမ ၄၄၄ သန်းကျော် တင်သွင်း ထားပြီး တန်ဖိုး ဒေါ်လာ ၃ ဒသမ ၃၂၆ ဘီလျံအထိရှိသည်။
ထို့ကြောင့် လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ပြည်ပမှ စက်သုံးဆီတင် သွင်းမှုသည် ယခင်နှစ်ကာလတူ ထက် တန်ချိန် ၄၈၆,၁၅၀ လျော့ကျခဲ့ပြီး တန်ဖိုးဒေါ်လာ ၃၈၄ ဒသမ ၃၈၉ သန်း လျော့ကျခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ် ၁၁ လတွင် ဒီဇယ်တန်ချိန် သုံးသန်းကျော် တင် သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၇၉၇ ဘီလျံရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန်ခြောက်သိန်း ခွဲကျော် လျော့ကျခဲ့ပြီး တန်ဖိုး ဒေါ် လာ သန်း ၃၈၀ နီးပါး လျော့ကျခဲ့ ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန မှ သိရ သည်။
ထို့အတူ ဓာတ်ဆီ တန်ချိန် ၁ ဒသမ ၈၇၇ သန်း တင်သွင်းထားပြီး တန်ဖိုးဒေါ်လာ ၁ ဒသမ ၁၄၄ ဘီလျံ ကျော်ရှိပြီး ယခင်နှစ် ကာလတူထက် တန်ချိန် တစ်သိန်းခြောက်သောင်း ကျော် ပိုမိုတင်သွင်းထားပြီး တန်ဖိုး ဒေါ်လာ ငါးသန်းကျော် လျော့ကျခဲ့ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
