ကျပ်ငါးသိန်းစျေးဖြင့် စပါးဝယ်ယူရန် ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် သတ်မှတ်ထားသော ရန်ပုံငွေပမာဏများ ခွဲဝေချပေးနိုင်ရန် ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုမည်ဖြစ်ပြီး လိုအပ်ပါက လှည့်လည်ရန်ပုံငွေ ထပ်မံတောင်းခံ၍ ဝယ်ယူပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
နိုဝင်ဘာ ၂၉ ရက်က UMFCCI တွင် ပြုလုပ်သည့် “နိုင်ငံ့စီးပွားတိုးမြှင့်၊ အသိ ဉာဏ်ပစ္စည်းမူပိုင်ခွင့်” မြန်မာနိုင်ငံမူပိုင်ခွင့် ဥပဒေများမိတ်ဆက်ခြင်းနှင့် ကုန်အမှတ်တံ ဆိပ်ဥပဒေ အကောင်အထည်ဖော်ရေးဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။
“အဲဒါကို အတည်ပြုဖို့ဆိုပြီးတော့ ဒီဇင်ဘာ ၄ ရက်မှာ ဆွေးနွေးဖို့စီစဉ်ထားပါ တယ်။ အဲဒီအစည်းအဝေးမှာ အတည်ပြုမှာပေါ့။ ကျွန်တော်တို့ အခုပြုစားထားပြီးသားရှိတယ်လေ။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေ ရော၊ သက်ဆိုင်ရာအသင်းအဖွဲ့တွေရော ခေါ်ပြီးတော့ ဒီတင်ဒါစည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးတော့မှ အတည်ပြုမှာဖြစ် ပါတယ်။ ပြီးရင်ဆက်လက်ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အတည်ပြုပြီးပြီဆိုရင်တော့ ကျွန်တော်တို့က သက်ဆိုင်ရာပြည်နယ်နဲ့ တိုင်းတွေကို သတ်မှတ်ထားတဲ့ ပိုက်ဆံကိုခွဲ ပေးမှာဖြစ်ပါတယ်။ ခွဲပေးပြီးတော့ သက် ဆိုင်ရာပြည်နယ်နဲ့တိုင်းက သူ့အစီအစဉ်နဲ့ သူဝယ်ယူမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
ပဲခူး၊ ဧရာဝတီနှင့်ရန်ကုန်တိုင်းတွင် နိုင်ငံတော်ရန်ပုံငွေဖြင့် စပါးဝယ်ယူရန် ဆောင်ရွက်လျက်ရှိပြီး ပဲခူးတိုင်းအတွက် ကျပ်ရှစ်ဘီလျံနှင့် ဧရာဝတီတိုင်းအတွက် ကျပ်ငါးဘီလျံလျာထားကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက နိုဝင်ဘာလ ဆန်းပိုင်းက ပြောကြားသည်။
“ဧရာဝတီတိုင်းရယ်၊ ပဲခူးတိုင်းရယ်၊ ရန်ကုန်တိုင်းရယ်ပေါ့။ ရန်ကုန်တိုင်းကတော့ အ ကုန်တော့မဟုတ်ဘူး။ အစိတ်အပိုင်းလေး တစ်ရပ်ပေါ့။ စောစောက ဦးဖြိုးမင်းသိန်းနဲ့ ပြောကြည့်တဲ့ အခါကျတော့ ရန်ကုန်တိုင်းမှာ တော့ ဝယ်ဖို့မလိုလောက်ဘူးဆိုပြီး သူက ပြောပါတယ်။ နှစ်ခုကျန်တာပေါ့။ ဧရာဝတီ တိုင်းနဲ့ ပဲခူတိုင်းပေါ့လေ။ ပဲခူးတိုင်းက ပြီးခဲ့ တဲ့အပတ်ထဲမှာ သူတို့စပါးဝယ်ယူဖို့အတွက် ရှစ်ဘီလျံခွဲပေးဖို့ပြောပါတယ်။ ပြောတဲ့အခါ ကျတော့ ဒါနဲ့ပတ်သက်ပြီး စည်းမျဉ်းစည်း ကမ်းတွေချဖို့ ဆိုပြီးတော့ မကြာခင်ကာလ ပေါ့လေ။ တစ်ပတ်လောက်အတွင်းမှာ အစည်းအဝေးခေါ်ပါမယ်။ သူတို့လိုချင်တဲ့ ပိုက်ဆံကို ကျွန်တော်တို့ထုတ်ပေးမယ်။ ဒါ ကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာတွေကို ကျွန် တော်တို့ လုပ်ပါ့မယ်။ လုပ်ပြီးသွားရင် ပဲခူး တိုင်းရဲ့အစီအစဉ်နဲ့ ဝယ်ယူဖို့ပေါ့လေ။ ဧရာဝတီတိုင်းကတော့ အခုအထိမဆက်သွယ် လာသေးဘူး။ သူတို့အတွက်က ငါးဘီလျံ လောက်လိုမယ်လို့ ပြောပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့သည်။
သတ်မှတ်ထားသော အခြေခံစပါးစျေး နှုန်းအောက်ကျဆင်းပါက နိုင်ငံတော်က စပါး ဝယ်ယူနိုင်ရန်အတွက် ရန်ပုံငွေအဖြစ် ကျပ် ၁၅ ဘီလျံလျာထားခြင်းဖြစ်ပြီး လက်ရှိတွင် ယင်းလုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်သည့် အနေအထားရှိကြောင်း သိရသည်။
“ကျွန်တော်တို့ လုပ်ခဲ့တာတော့ အဆင့် ဆင့်လုပ်ခဲ့တာပေါ့။ ပထမကတော့ အခြေခံ စျေးနှုန်းထက်ကျမယ်ဆိုရင် ဝယ်ယူဖို့ရန်ပုံ ငွေပေါ့လေ။ ရန်ပုံငွေကတော့ Initially ၁၅ ဘီလျံ လျာထားပါတယ်။ အဲဒီ ၁၅ ဘီလျံက တော့ ထုတ်ထားပြီးပြီ။ ကျွန်တော်တို့မှာ အဆင်သင့်ပဲဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
လက်ရှိတွင် စပါးဝယ်ယူရန် ချပေးထား သည့် ရန်ပုံငွေပမာဏ ကျပ် ၁၅ ဘီလျံထက် ကျော်လွန်ခဲ့ပါက လှည့်လည်ရန်ပုံငွေမှ ထပ်မံတောင်းခံ၍ ဝယ်ယူပေးသွားမည်ဖြစ် ကြောင်း သိရသည်။
“တခြားပြည်နယ်နဲ့တိုင်းတွေကလည်း ဝယ်ချင်ဆိုရင်တော့ ကျွန်တော်တို့ကို တင်ပြလာရင် ဆက်လက်ဆောင်ရွက်ပါမယ်။ တကယ်လို့ ၁၅ ဘီလျံထက်ကျော်လို့ရှိရင်လည်း လှည့်လည်ရန်ပုံငွေကနေ ထပ်တောင်းပြီး ဝယ်ပေးသွားမှာဖြစ်ပါတယ်” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
တောင်သူလယ်သမားအကျိုးစီးပွား မြှင့်တင်ရေးဥပဒေအရ အဆိုပါစပါးဝယ်ယူ ဆောင်ရွက်ခြင်းကို ပြည်နယ်နှင့်တိုင်းဒေသ ကြီးအစိုးရများက စီမံဆောင်ရွက်မည်ဖြစ် သည်။ ထို့ကြောင့် စပါးဝယ်ယူပေးရန်လိုအပ် သော ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က နိုင်ငံတော်သို့ တင်ပြဆွေးနွေးရမည် ဖြစ်ကြောင်း သိရသည်။
“ရှစ်ဘီလျံရယ် ငါးဘီလျံဆို ၁၃ ဘီလျံ လောက်ပဲလိုပါတယ်။ ထုတ်ထားတဲ့ပိုက်ဆံနဲ့တော့ လုံလောက်မှုရှိပါတယ်။ တကယ်ဖြစ် လာရင်ဝယ်ဖို့ကတော့ အဆင်သင့်ပါပဲ။ ဝယ် တာကတော့ ပြည်နယ်နဲ့တိုင်းဒေသကြီး အ စိုးရရဲ့ အစီအမံနဲ့ဝယ်ပါမယ်။ ပိုက်ဆံကိုတော့ ခွဲပြီးတော့ ပေးပါမှာဖြစ်တယ်။ တောင်သူလယ်သမား အကျိုးစီးပွားမြှင့်တင်ရေး ဥပဒေမှာ ဘာပါလဲဆိုတော့ ဒီလိုဝယ်ဖို့ကိစ္စ ရပ်တွေကို ပြည်နဲ့တိုင်းတွေကနေ ဆွေးနွေး တာလုပ်ရမယ်လို့ ပါပါတယ်။ ဒါကြောင့်မို့ ဆွေးနွေးဖို့ လုပ်တာကိုစောင့်နေတာ ပိုက်ဆံလည်းအဆင်သင့်ရှိတယ်။ သူတို့ဝယ်ဖို့ လိုပြီလို့တင်ပြလာရင် ကျွန်တော်တို့ ထုတ်ပေးမယ်ပေါ့လေ။ အခုတော့ ပဲခူးတိုင်းက တင်ပြလာပြီ” ဟု ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
