မကွေးတိုင်းဒေသကြီး အောင်လံမြို့ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ဦးဆောင် ဆရာတော် အောင်လံ(ဦး)စန္ဒိမာ၏ ဟောပြောချက်အယူဝါဒများ မှားယွင်းနေသည်ဟု ဆိုကာ သံဃာတော်အပါး ၂၀ နှင့် လူပုဂ္ဂိုလ် အချို့က နိုင်ငံတော်သံဃမဟာနာယကအဖွဲ့သို့ တိုင်ကြားရာတွင် ၎င်းတိုင်ကြားစာအား လက်ခံခဲ့ကြောင်း တိုင်ကြားရာတွင် ဦးဆောင် သူတစ်ဦးဖြစ်သည့် ဦးအောင်မြိုင် (မစိုးရိမ် စာသင်သား) က ဒီဇင်ဘာ ၂ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ကျွန်တော်တို့တိုင်စာကိုတော့ ဗဟိုစာ ဝင်စာထွက်ဌာနကတော့ လက်ခံပါတယ်။ ကြာတာကတော့ နှစ်ချီပြီးကြာမှာ။ အမှုသဘောကိုက နှစ်ချီပြီးကြာမှာ။ ဘာလုပ်နေလဲ ဆိုတာကိုတော့ ခုချိန်ထိ ဘာမှမသိသေးဘူး။ တိုင်စာကိုတော့ လက်ခံတယ်” ဟု ဦးဆောင် တိုင်ကြားသူ ဦးအောင်မြိုင် (မစိုးရိမ်စာသင် သား)က ပြောကြားသည်။
တိုင်စာကို တာဝန်ကျသည့် သံဃာတော် ၁၅ ပါးအဖွဲ့ထဲမှ အမှုအခင်းဆုံးဖြတ်ရေးဆိုင် ရာငါးပါးအဖွဲ့မှ စတင်ဖတ်ရှုပြီးနောက် ၁၅ ပါးအဖွဲ့က စုံညီအစည်းအဝေးတွင် ဆွေးနွေးကြမည်ဖြစ်ကြောင်း၊ ထို့သို့ ဆွေးနွေးပြီးနောက် ၄၇ ပါးစုံညီသို့တင်မည်ဟု ဆုံးဖြတ်ချက်ချလျှင် တင်ရမည်ဖြစ်ကြောင်း၊ ၄၇ ပါးစုံညီအ စည်းအဝေးသည် တပေါင်းလမှသာ ကျင်းပမည်ဖြစ်ကြောင်း ဦးအောင်မြိုင်က ဆက်လက်ပြောကြားသည်။
ထိုကဲ့သို့ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာဦးဆောင်ဆရာတော် အောင်လံ (ဦး) စန္ဒိမာ၏ ဟောပြောချက်အယူဝါဒများ မှားယွင်း နေသည်ဟုဆိုကာ သံဃာတော်အပါး ၂၀ နှင့် လူပုဂ္ဂိုလ်အချို့က နိုဝင်ဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ သီရိမင်္ဂလာကမ္ဘာအေးစေတီတော်၌လူစုပြီး နိုင်ငံတော်သံဃမဟာနာယက (ဂိုဏ်းပေါင်းစုံဗဟိုဌာနချုပ်) ဗဟိုစာဝင်စာထွက်ဌာနသို့ စောဒကတက်စာများကို လက်မှတ်ထိုး တိုင်ကြားခဲ့ကြောင်း သိရသည်။
ထိုသို့တိုင်ကြားရာတွင် ဦးဆောင်ဆရာ တော်တစ်ပါးက ဟောပြောမှုများနှင့်ပတ်သက်၍ မမှန်ကန်မှုများနှင့် မှားယွင်းနေမှု များကို ဖယ်ရှားတားဆီးရန် တင်ပြပေးခြင်း ဖြစ်ပြီး ဆရာတော်ကြီးများက ဆုံးဖြတ်ချက် ချကြေညာသွားမည်ဖြစ်ကြောင်း မိန့်ကြားသည်။
ဆက်လက်ပြီး ဝန်းရံဆရာတော်တစ်ပါးဖြစ်သည့် မကွေးကျောင်းတိုက်ဆရာတော် ဦးပါမောက္ခက ပိဋိကတ်သုံးပုံတွင် သုတ္တန်၊ အဘိဓမ္မာ၊ ၀ိနည်းစသည့်သုံးမျိုးရှိကြောင်း၊ ထိုသို့ရှိရာတွင် ဘုရားရှင်မဟောသည့်အရာများကိုယူကာ ဘုရားရှင်အဟောကဲ့သို့လုပ် ခြင်းကို မိမိက သာသနာသန့်ရှင်းစေရန် ဘုရားရှင်ဟောခဲ့သည့် တရားများကိုသာလျှင် လက်ခံမည်ဖြစ်ကြောင်း၊ သာသနာတော်သန့် ရှင်းစေရန်အကျိုးငှာလည်းကောင်း၊ ဆရာတော်လည်း အမြင်မှန်ရစေခြင်းအကျိုးငှာ လည်းကောင်း ဆရာတော်ဟောကြားသည့် တရားတော်များသည် မြန်မာနိုင်ငံတွင် နေ ရာအနှံ့ပျံ့နှံ့နေကြောင်း၊ အဓမ္မသည် ဓမ္မဖြစ်ပြီး ဓမ္မသည် အဓမ္မဖြစ်မည်ကိုကြောက်၍ လာရောက်ဝန်းရံရခြင်းဖြစ်ကြောင်း မိန့်ကြားသည်။
အဆိုပါတိုင်ကြားစာနှင့် ပတ်သက်၍ နိုဝင်ဘာ ၂၆ ရက်က အောင်လံမြို့ သဲအင်းဂူဝိပဿနာဓမ္မရိပ်သာ ဦးဆောင်ဆရာတော် ဦးစန္ဒိမာအား ဆက်သွယ်မေးမြန်းရာတွင် “သူတို့ကတော့တိုင်ပြီ။ တိုင်တဲ့အခါမှာ မဟန ဆရာတော်ငါးဦးကနေပြီး ကြားနာကာ ရှေ့ဆက်ပြီးတော့ ဆရာတော် ၁၅ ပါးကို တင်သင့် မတင်သင့် တိုင်စာကိုလက်ခံသင့် မခံသင့်ဆို တာ သူတို့အရင်ဆုံးဖြတ်ရသေးတယ်။ ဆုံး ဖြတ်ပြီးတော့မှ လက်ခံသင့်တယ်ဆိုမှ ၁၅ ပါး ခုံရုံးကိုတင်ပြီးတော့စစ်တာ။ သူတို့တင်ပြီး တော့ လက်မခံဘဲပယ်ချလိုက်ရင်လည်း ဘာမှအကောင်အထည်မပေါ်ဘူး။ ငါးပါးကနေ ပြီးတော့ သူတို့တိုင်တဲ့ဟာကို စစ်ကြည့်တဲ့အ ခါမှာ ဒေသနာထဲမှာ အထောက်အထားတွေ နဲ့မတွေ့ရင် သူတို့လက်မခံဘူး။ ဦးဇင်းက တော့ သူတို့ဘာတွေတိုင်လဲဆိုတာတော့ မသိဘူးပေါ့။ ဦးဇင်းက ဦးဇင်းရဲ့ သာသနာဦးဇင်း အလုပ် ဦးဇင်းလုပ်နေတာပါပဲ။ ဦးဇင်းအလုပ် ကို ဦးဇင်းကျင့်စဉ်နဲ့ ပြသနေတာကတော့ ကိုယ့်အလုပ်ကိုယ်လုပ်နေတာပေါ့။ ကိုယ့်အလုပ်ကိုယ်လုပ်နေတာကို သူတို့က ဝေဖန်တာ က ဒါသူတို့ကိစ္စလေ။ ဦးဇင်းတို့က အကျင့် ဆိုတော့ လက်တွေ့ကျင့်တဲ့ ပုဂ္ဂိုလ်ကသာ လက်တွေ့အကြောင်းသိမှာလေ။ လက်တွေ့ မကျင့်သေးတဲ့ပုဂ္ဂိုလ်က ဘေးအနေနဲ့ပြောတာ ကတော့ သူမြင်တာသူပြောတာနေမှာပေါ့။ ဦးဇင်းတို့ကအကျင့်ဆိုတော့ အကျင့်နဲ့ပဲ ပြောရမှာပေါ့။ ပရိယတ္တိဆိုတာက စစ်လို့ရှိရင် ပရိယတ္တိချင်း တိုက်ဆိုင်စစ်ရတယ်။ တချို့ အကျင့်တွေဆိုရင်လည်း ဒေသနာနဲ့မလျော် ညီတဲ့အကျင့်တွေလည်းရှိတာပေါ့။ ဦးဇင်းတို့ ကတော့ ဒေသနာနဲ့မလျော်ညီဘူးဆိုတာ ယနေ့ အချိန်ထိ ဘယ်ဆရာတော်ကမှ ပြောသွား တာမရှိဘူး” ဟု မိန့်ကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
