ရန်ကုန်တိုင်းအစိုးရ ရင်းနှီးမြှုပ်နှံထား သည့် YUPT ကုမ္ပဏီ၏ရှယ်ယာများပြန်လည် ဝယ်ယူမည့်အစီအစဉ်တွင် ရှယ်ယာရှင်၂၈၉ဦးအနက် ၂၁၀ ကျော်က ရှယ်ယာများပြန် ရောင်းရန်ဆန္ဒရှိကြောင်း YUPT Public Co., Ltd အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က ဒီဇင်ဘာ၂ ရက်တွင် ပြောကြားသည်။
YUPT Public Co., Ltd တွင် အစု ရှယ်ယာထည့်ဝင်ထားသည့် ရှယ်ယာရှင်များ၏ရှယ်ယာများကို ကုမ္ပဏီက ပြန်လည်ဝယ် ယူမည့်အစီအစဉ်တွင်ရှယ်ယာရောင်းချရန် ဆန္ဒရှိမရှိ သဘောထားကောက်ခံမှုကို နိုဝင်ဘာ ၂၉ ရက်က စတင်ပြုလုပ်ခဲ့ပြီး သုံးရက် အတွင်း ရှယ်ယာများပြန်ရောင်းရန် ဆန္ဒရှိ သူ ၂၁၆ ဦးရှိကြောင်း သိရသည်။
“ရှယ်ယာရှင် ၂၈၉ ဦးမှာ ၂၁၆ ဦးက ရောင်းချဖို့ တင်တယ်။ မရောင်းချတဲ့သူက ၁၀ ဦးနဲ့ ကျန်တဲ့သူတွေကတော့ အကြောင်း မပြန်သေးဘူး။ ဒီသုံးရက်အပြင် ကျန်တဲ့သူ တွေကို ဖုန်းဆက်နေပြီးတော့ လာတင်ခိုင်းထားတယ်။ ကန့်သတ်ချက် ဘယ်နေ့နောက် ဆုံးလို့တော့ မပြောထားဘူး။ တင်လည်း မတင်ဘူး။ ရောင်းလည်းမရောင်းဘူးဆိုတဲ့သူ လည်းရှိနိုင်ပါတယ်”ဟု YUPT အထွေထွေ မန်နေဂျာ ဦးမောင်မောင်လွင်က ပြောကြားသည်။
ယင်းသို့ ရှယ်ယာရှင်များ၏ ပြန်ရောင်း မည့် ဆန္ဒသဘောထားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် YRTA ထံတင်ပြမည် ဖြစ်ပြီး ရှယ်ယာပြန်လည်ဝယ်ယူခြင်းကို ၂၀၁၇ ကုမ္ပဏီများဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ရှယ်ယာရှင်များက ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်ထားသည့် ရှယ်ယာများ ပြန်လည် ရောင်းချရခြင်းမှာ ရင်းနှီးမြှုပ်နှံထားသည့် သုံးနှစ်ကာလအတွင်း အကျိုးအမြတ် မရှိခဲ့ခြင်းကြောင့် ယခုကဲ့သို့ ပြန်လည်ရောင်း ချခြင်းဖြစ်ကြောင်း ရှယ်ယာရှင်များ၏ ပြောကြားချက်အရ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာ ၃၀ ရက်က YUPT ၏ နှစ်ပတ်လည်အစည်းအဝေးတွင် ဒါရိုက်တာရွေးချယ်ခြင်းနှင့်ပတ်သက်ပြီး ရှယ်ယာရှင်များနှင့်ကုမ္ပဏီကြား အငြင်းပွားမှုဖြစ်ပွားခဲ့ပြီးနောက် ဒါရိုက်တာအဖွဲ့ဝင်များ ပြန်လည်ရွေးချယ်ပေးရန် တောင်းဆိုမှုကြောင့် ဒါရိုက်တာအဖွဲ့ဝင်ရွေးချယ်ပွဲကို နိုဝင်ဘာ ၂၉ ရက်က YUPT Public Co., Ltd တွင်ပြု လုပ်ခဲ့ပြီး ဒါရိုက်တာကိုယ်စားလှယ်လောင်း အရည်အချင်းပြည့်သူခုနစ်ဦးအနက်မှ ငါးဦး ကို ရှယ်ယာရှင်များက လျှို့ဝှတ်ဆန္ဒမဲပေး၍ရွေးချယ်ခဲ့ကြသည်။
လက်ရှိ ရန်ကုန်မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက် (YUPT Public Co., Ltd) တွင် ရန်ကုန်တိုင်းဒေသကြီး အစိုး ရအဖွဲ့ ရင်းနှီးထည့်ဝင်ထားသည့်ကျပ် ၃၅ ဘီ လျံနှင့်ရှယ်ယာရှင်၂၈၉ ဦးက ရင်းနှီးထည့်ဝင်ထားသည့် ကျပ်၅ ဒသမ ၆ ဘီလျံကျော် စုစုပေါင်း ကျပ် ၄၀ ဘီလျံကျော်နှင့် ယာဉ်အစီးရေ ၉၄၀ စီးဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိကြောင်း YUPT Public Co., Ltd မှ သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
