ရေဘေးသင့်ခဲ့၍ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အခြေခံပညာကျောင်းများတွင်လိုအပ်သော ပရိ ဘောဂပစ္စည်းများနှင့် အသုံးအဆောင်ပစ္စည်းများကိုလည်းလှူဒါန်းနိုင်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ အလှူရှင်များအားဖိတ်ခေါ်ခဲ့သည်။
၎င်းမှ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းက ရန်ကုန်တိုင်းအစိုးရအဖွဲ့ရုံးတွင်ကျင်းပသည့် ရေ ဘေးဒဏ်သင့်ဒေသများအတွက် ကူညီကယ် ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် တတိယအကြိမ် အလှူငွေပေး အပ်ပွဲ၌ ဖိတ်ခေါ် ခဲ့ခြင်းဖြစ်သည်။
ရေဘေးသင့်မှုကြောင့် ယာယီပိတ်ထားရသည့် စာသင်ကျောင်းများကို အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရန် နိုင်ငံတော်အနေဖြင့်ဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။
” ပညာရေးနဲ့ပတ်သက်ရင် နိုင်ငံတော်ကဆောင် ရွက်ပေးနေသလို တခြားလိုအပ်တဲ့ ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေကိုလည်း အလှူရှင်တွေအနေနဲ့ လှူဒါန်းပေးနိုင်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားဖိတ်ခေါ်ခဲ့သည်။
ထို့ပြင် ရေဘေးသင့်ပြည်သူများအတွက် ပြန် လည်ထူထောင်ရေးလုပ်ငန်းများအပြင် ၎င်းတို့ကြုံတွေ့ခံစားခဲ့ရသည့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုများကိုလည်း ပြန်လည်ကုစားပေးနိုင်ရန်လိုပြီး မိမိတို့အနေဖြင့် ပျက်စီးဆုံးရှုံးခဲ့ရမှုများအတွက် အတတ်နိုင်ဆုံးပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်တွက်ချက်ဆောင်ရွက်လျက်ရှိသည်ဟု ပြော သည်။
ထို့အတူ နစက ဥက္ကဋ္ဌမှ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အချိန်ယူဆောင်ရွက်သွားရမည်ဖြစ်ကာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် အလှူရှင်များအနေဖြင့် တတ်နိုင်သည့်ဘက်မှ ဝင်ရောက်ရင်းနှီးမြှုပ်နှံကြစေလိုသည်ဟုလည်း နစက ဥက္ကဋ္ဌက ပြောကြားဖိတ်ခေါ်ခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
