မြန်မာနိုင်ငံတွင်ပေါ်ထွန်းခဲ့သော စာပေပညာရှင်များနှင့် စာရေးဆရာများကို အသိအမှတ်ပြုချီး မြှင့်သည့် အထိမ်းအမှတ်အနေဖြင့် အိန္ဒိယနိုင်ငံ ၏ကူညီမှုဖြင့် စာဆိုဗိမာန်သုံးထပ်အဆောက်အဦတည်ဆောက်မည့်မြေနေရာအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရတနာပန္နက်တော်တင်ပေးခဲ့ကြောင်း သိရသည်။
ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို ယနေ့ အောက်တိုဘာ ၉ ရက်နံနက်ပိုင်းတွင် ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ဥယျာဉ်ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းရှိ စာဆိုဗိမာန်သုံးထပ်အဆောက်အဦတည်ဆောက်မည့် မြေနေရာ ၌ကျင်းပခဲ့သည်။
အခမ်းအနားတွင် နစက ဥက္ကဋ္ဌမှ စာဆိုဗိမာန်သုံးထပ်အဆောက်အဦတည်ဆောက်မည့် ဗဟိုနေရာ ၌ ရတနာပန္နက်တိုင်ကိုစိုက်ထူပေးပြီး အမွှေးနံ့သာရည်များဖြင့်ပက်ဖျန်းပေးခဲ့ပြီး တက်ရောက်လာသည့် နစက တွဲဖက်အတွင်းရေးမှူးနှင့် ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အမျိုးသားစာပေတစ်သက်တာဆုရ စာရေးဆရာကြီး၊ ဆရာမကြီးများမှလည်း သတ်မှတ်နေရာများတွင် ပန္နက်တော်တင်၍အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် နစက ဥက္ကဋ္ဌမှ အဆောက်အဦများကို စနစ်တကျတည်ဆောက်ရမည်ဖြစ်ပြီး ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက်ပန်းချီများ၊ဓာတ်ပုံများ၊ ရုပ်တုများ၊ ဂီတစာဆိုတော်ကြီးများ၏ မှတ်တမ်းများကို ကြိုတင်စုဆောင်းထားရမည်ဖြစ်ကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာ၌ စာပေများကိုဖတ်ရှုနိုင်ရန် စာဖတ်ခန်းများကို အဓိကထည့်သွင်း၍ စနစ်တကျထားရှိရမည်ဟု မှာကြားခဲ့သည်။
အဆိုပါ စာဆိုဗိမာန်အဆောက်အဦကို သုံးထပ် အဆောက်အဦအဖြစ်တည်ဆောက်သွားမည်ဖြစ်ကာ တည်ဆောက်ပြီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင်ဂီတအနုပညာများကို ခင်းကျင်းပြသမည့်ပြခန်းများ၊ ပေပု ရပိုက်များကို ခင်းကျင်းပြသမည့်ပြခန်းများ၊ သမိုင်းဝင်ကဗျာများကို ခင်းကျင်းပြသမည့်ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများကို ခင်းကျင်းပြသမည့်ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်စာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကိုထည့်သွင်းထားရှိမည်ဖြစ်သည်။
ယခင် စာပေဗိမာန်စာကြည့်တိုက်သည် စာပေဗိ မာန် ၃ ထပ်အဆောက်အဦ၏ ပထမထပ်တွင်ရှိပြီး တိုးတက်လာသည့် လူဦးရေနှင့်မြို့ပြဖွံ့ဖြိုးမှု အခြေအနေများအရ “အမှောင်ခွင်း၍ အလင်းဆောင်အံ့”ဟူသော စာပေဗိမာန်၏ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများအသိဉာဏ်ပညာတိုးပွားစေရန်၊ မြန်မာစာပေဖွံ့ဖြိုးမှုအတွက်အထောက်အကူဖြစ်စေရန်၊ ပြည်သူများဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့် အလေ့အကျင့်များတိုးပွားစေရန်ရည်ရွယ်၍ ပြန်လည်ပြုပြင်မွမ်းမံကာ စာပေဗိမာန်ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖြစ်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။




-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
