ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂)နှစ်နှင့်(၈)လတာအတွင်း တရားမဝင်ကုန်သွယ်မှုမှ ငွေကျပ်(၃၀၀ ဒသမ ၀၂၈)ဘီလီယံဖမ်းဆီးရမိခဲ့သည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်း၏ ပြောကြားချက်အရ သိရသည်။
၎င်းမှ ယမန်နေ့ အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းကကျင်းပသည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၂၄)သို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်များကိုဖမ်းဆီးရာ၌ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ (၂)နှစ်နှင့်(၈)လအတွင်း အမှုတွဲ(၁၄၆၅၉)မှုမှ ခန့်မှန်းငွေကျပ်(၃၀၀ ဒသမ ၀၂၈)ဘီလီယံရှိခဲ့ပြီး ယင်းပမာဏသည် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍဖြင့်ကြည့်ပါက အနည်းငယ်သာရှိသည်ဟု ပြောသည်။
” ဒါ့ကြောင့် တရားမဝင်ကုန်သွယ်မှုတွေကို တိုးမြှင့်ဖမ်းဆီးရမိနိုင်ဖို့အတွက် အလေးထားဆောင်ရွက်ရပါမယ်”ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မှာကြားသည်။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လအတွင်းဖမ်းဆီးရရှိမှုများ၌ အကောက်ခွန်ဦးစီးဌာနကအများဆုံးဖမ်းဆီးရမိခဲ့ပြီး တရားမဝင်ကုန်ပစ္စည်းများကို မန္တလေးတိုင်းမှအများဆုံးဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကာ စစ်ကိုင်းတိုင်းမှာ ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်မှာ တတိယအများဆုံးဖမ်းဆီးရမိခဲ့သည်ဟု ပြောသည်။
ဖမ်းဆီးရမိခဲ့သည့် ကုန်ပစ္စည်းများတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ်ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးသည် လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ပြီး တတိယအများဆုံးမှာ ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ဟု ပြောကြားခဲ့သည်။

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
