မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ရှိ သောင်တစ်ခုအတွင်းရောက်ရှိနေသည့် ရာဂဏန်းအောက်သာရှိတော့သော အလွန်ရှားပါးသော ဧရာဝတီလင်းပိုင်သားအမိအား ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်ရေးအသင်း (BANCA)မှ ကယ်တင်ပေးနိုင်ခဲ့ကြောင်း သိရသည်။
BANCA မှတာဝန်ရှိသူများသည် မုတ္တမပင်လယ်ကွေ့အတွင်း ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ပြီးခဲ့သည့် အောက်တိုဘာ ၅ ရက်ညနေ ၄ နာရီခွဲခန့်က ဘီးလင်းမြို့နယ်၊ ဇုက္ကလိကျေးရွာ အုပ်စု၊ ကျွန်းသာယာ အပြင်သောင်အတွင်း၌ ဧရာဝတီလင်းပိုင်သားအမိ ၂ ကောင်အားတွေ့ရှိခဲ့ကြသည်။
ဧရာဝတီလင်းပိုင်အမကြီးသည် အလျား ၅ ဒသ မ ၆ ပေခန့် ဧရာဝတီလင်းပိုင်ကလေ-းငယ်သည် ၂ ဒသမ ၅ ပေခန့်ရှိပြီး ၎င်းတို့အား ရေနက်ပြီးဘေးကင်းသည့်နေရာသို့ရွှေ့ပြောင်းပေးနိုင်ရန် BANCA အဖွဲ့ဝင်များက ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြသည်။
ထိုသို့ ကယ်ဆယ်မှုများပြုလုပ်ကြီးနောက် ဧရာဝတီလင်းပိုင်သားအမိအား လှေဖြင့်တင်ဆောင်ပြီးနောက် ညနေ ၄ နာရီ ၅၀ မိနစ်ကျော်ခန့်တွင် ရေနက်ပြီးဘေးကင်းသည့်နေရာတွင် ပြန်လွှတ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဧရာဝတီလင်းပိုင်မျိုးစိတ်သည် မုတ္တမပင်လယ်ကွေ့အရှေ့ဘက်ကမ်း(မွန်ပြည်နယ်)နှင့် မုတ္တမပင်လယ်ကွေ့အနောက်ဘက်ကမ်း(ပဲခူးတိုင်း၊ရန် ကုန်တိုင်း)တို့တွင် လှည့်လည်ကျက်စားတတ်သည့် ပင်လယ်နေနို့တိုက်သတ္တဝါမျိုးဖြစ်ပြီး မြန်မာနိုင်ငံတွင် အကောင်ရေ ရာဂဏာန်းအောက်သာကျန်ရှိတော့သဖြင့် အရေးကြီးထိန်းသိမ်းရမည့်မျိုးစိတ်ဖြစ်ကြောင်း BANCA ကအသိပေးထားသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
