ဂျကာတာ၊အောက်တိုဘာ ၉
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း အာချေးပြည်နယ်၌ မြေပြို၍ လူလေးဦးေ-သဆုံးခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်များကပြောကြားခဲ့သည်။
ေ-သဆုံးသူများသည် တစ်မိသားစုတည်းမှ ဖြစ်ကြပြီး မြေပြိုချိန်၌ အိမ်မြုပ်သွားသဖြင့် ဇနီးမောင်နှံ နှစ်ဦးနှင့် ၎င်းတို့၏သားသမီးနှစ်ဦး စုစုပေါင်း လေးဦးေ-သဆုံးခဲ့ကြခြင်းဖြစ်သည်။
ယခုမတော်တဆမှုသည် အာချေးအလယ်ပိုင်းရှိ တောင်ကုန်းတစ်ခုဖြစ်သည့် Celala ဒေသတွင် ည ၁၀ နာရီခန့်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ညအချိန်ဖြစ်သဖြင့် လူအများအနားယူနေချိန်လည်းဖြစ်သည်။
အာချေးဒေသ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဌာန အကြီးအကဲ Teuku Nara Setia ကမူ အင်္ဂါနေ့ညနေပိုင်းတွင် ပြင်းထန်သောရာသီဥတုအခြေအနေကြောင့် ရွာနှစ်ရွာတွင် ရေကြီးမြေပြိုခဲ့ကြောင်း ဒေသတွင်းမီဒီယာကိုပြောကြားခဲ့သည်။
အဆိုပါဒေသရှိ ရွာသားများကို ဗုဒ္ဓဟူးနေ့နံနက်တွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း၎င်းကပြောကြားခဲ့ပြီး မြေပြိုမှုကြောင့် လမ်းများရှင်းလင်းရာတွင် အကြီးစားစက်ကိရိယာများကိုပါ အသုံးပြုခဲ့ရသည်ဟုသိရသည်။
Source : ရှင်းဟွာ
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
