ဖင်လန်နိုင်ငံသမ္မတ အလက်ဇန်းဒါး စတပ်ဘ်သည် သမ္မတ ရှီကျင့်ဖျင်နဲ့ အခြားတရုတ်အစိုးရ အကြီးတန်းအရာရှိများနှင့် တွေ့ဆုံရန်အတွက် အောက်တိုဘာ ၂၈ ရက်မှ ၃၁ ရက်အထိ တရုတ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်မည်ဖြစ်သည်ဟု ဖင်လန်အစိုးရက အောက်တိုဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။
စတပ်ဘ်အနေဖြင့် နှစ်နိုင်ငံ ဆက်ဆံရေးအပြင် ရုရှား-ယူကရိန်းစစ်ပွဲအရေးနှင့် အခြားသောလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးသွားမည်ဖြစ်သည်ဟု ၎င်း၏ရုံးကသတင်းထုတ်ပြန်ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွင်းက ဟောင်ကောင်မှတ်ပုံတင် ကုန်သင်္ဘောတစ်စင်းကြောင့် Balticconnector ဓါတ်ငွေ့ပိုက်လိုင်း ပျက်စီးခဲ့မှုတွင် ဆက်နွယ်ပတ်သက်နိုင်ခြေရှိသောကိစ္စပေါ်ပေါက်ခဲ့ချိန်မှစ၍ ဖင်လန်နှင့် တရုတ်အကြား ဆက်ဆံရေး သည် သိမ်မွေ့နက်နဲသောအနေအထားရောက်ခဲ့သည်။
ပိုက်လိုင်းသည် သင်္ဘောကျောက်ဆူး ဆွဲချိတ်သွားရာမှ ကျိုးပဲ့သွားခဲ့ဖွယ်ရှိသည်ဟု စုံစမ်းစစ်ဆေးချက်အရ ဖင်လန်ရဲတပ်ဖွဲ့က ကောက်ချက်ချခဲ့သည်။ ယင်းဖြစ်စဉ်ကြောင့် ဖင်လန်နိုင်ငံ၏ စွမ်းအင်လုံခြုံရေးကို ထိခိုက်စေခဲ့ကာ ကုန်ကျစရိတ်များသည့် ခြောက်လကြာ ပြင်ဆင်မှုလုပ်ခဲ့ရသည်။
Ref: ယူအက်စ်နူးစ်
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
