ဗီယန်ကျင်း၊အောက်တိုဘာ ၉
တရုတ်နိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းထူထောင်မှုကို အခိုင်အမာထောက်ခံကြောင်း တရုတ်နိုင်ငံဝန်ကြီးချုပ် မစ္စတာလီချင်ကပြောကြားခဲ့သည်။
၎င်းအပြင်အာဆီယံဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး၌သာမက နိုင်ငံတကာရေးရာများ၌ပါ အာဆီယံ၏အခန်းကဏ္ဍပိုမို အရေးပါလာရန်ကိုလည်း ထောက်ခံပါကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အာဆီယံဒေသတွင်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များတွင် နိုင်ငံအားလုံးနှင့် ပူးပေါင်းဆောင်ရွက်ကာ အမြင်ချင်းဖလှယ်ရန် အဆင်သင့်ရှိသကဲ့သို့ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများ၌ အာဆီယံသည် အရေးပါသောအဖွဲ့အစည်းဖြစ်လာစေဖို့ ပူးပေါင်းကြိုးပမ်းသွားရန်လည်းအသင့်ရှိကြောင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံဝန်ကြီးချုပ်သည် အရှေ့အာရှ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေါင်းဆောင်များအစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ပြီး အာဆီယံလက်ရှိဥက္ကဌ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဝန်ကြီးချုပ်၏ဖိတ်ကြားချက်အရ လာအိုနိုင်ငံသို့လည်း တရားဝင်ခရီးစဥ်လာရောက်မည်ဖြစ်သည်ဟုသိရသည်။
မစ္စတာလီသည် အောက်တိုဘာ ၉ ရက်မှ ၁၂ ရက်အထိ ကျင်းပမည့် ၂၇ ကြိမ်မြောက် တရုတ် – အာဆီယံထိပ်သီးအစည်းအဝေး၊ ၂၇ ကြိမ်မြောက် ASEAN Plus Three ထိပ်သီးအစည်းအဝေးနှင့် ၁၉ ကြိမ်မြောက် အရှေ့အာရှထိပ်သီးအစည်းအဝေးတို့ကိုပါတက်ရောက်မည်ဖြစ်ကြောင်းလည်းဖော်ပြထားသည်။
Source : ရှင်းဟွာ

-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
