ထိုင်းနိုင်ငံရောက်မြန်မာများ ဗီဇာသက်တမ်းတိုးဆောင်ရွက်ရာတွင် သံရုံး၏ ထောက်ခံစာအတုဖြင့် လုပ်ဆောင်နေသည်ကို စစ်ဆေးတွေ့ရှိပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှ အသိပေးထုတ်ပြန်ထားသည်။
မြန်မာသံရုံးအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဗီဇာသက်တမ်းတိုးနိုင်ရန် လိုအပ်သည့် ထောက်ခံစာ ပြုလုပ်ပေးလျက်ရှိသော်လည်း နေထိုင်ခွင့်သက်တမ်း အနည်းဆုံး(၇) ရက်မကျန်ရှိသူများနှင့် သက်တမ်းကျော်လွန်နေထိုင်သူများကို လုံးဝ (လုံးဝ) ပြုလုပ်ပေးခြင်း မပြုကြောင်း အသိပေးထားပြီး ဖြစ်သည်ဟု ဆိုသည်။
ယခုအခါ ရက်ကျော်လွန်နေထိုင်သူအချို့သည် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနသို့ လာရောက်ပြီး မြန်မာသံရုံး၏ ထောက်ခံစာအတု (အတု) ဖြင့် ဗီဇာသက်တမ်းတိုး လျှောက်ထားမှုများ ရှိနေကြောင်း သက်ဆိုင်ရာမှ အသိပေးလာသည်ဟု ဖော်ပြထားသည်။
နိုင်ငံတကာသံရုံးများသည် ထောက်ခံစာနှင့် နိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စများ ဆောင်ရွက်ရန် သက်ဆိုင်ရာနိုင်ငံ၏ ဌာနများသို့ မိမိသံရုံး၏ ကောင်စစ်အရာရှိများ လက်မှတ်၊ တံဆိပ်တုံးနမူနာပုံစံ၊ နေ့စဉ်ထုတ်ပေးခဲ့သော ထောက်ခံစာများ၏ စာနံပါတ်နှင့် ရက်စွဲတို့ကို ပေးပို့ထားသည့်အတွက် ထောက်ခံစာတစ်စောင်အပေါ် သံသယရှိပါက ချက်ချင်း တိုက်ဆိုင်စစ်ဆေးနိုင်ကြောင်း အသိပေးထားသည်။
ထို့ကြောင့် နောင်တွင် အတုအပပြုလုပ်ပေးသူ၊ အတုအပထောက်ခံစာဖြင့် ထိုင်းနိုင်ငံ၏ သက်ဆိုင်ရာ ဌာနများသို့ လာရောက်သူများတွေ့ရှိပါက နိုင်ငံကူးလက်မှတ်များအား ပယ်ဖျက်ခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်း ပြုလုပ်ရန် ညှိနှိုင်းထားပြီးဖြစ်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
