■ မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ် တစ်ခုပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး
24htopnews | October 10, 2024 5:12 PM CST
မန္တလေးမြို့ ၊ချမ်းအေးသာစံမြို့နယ်ရှိ ဟိုတယ်တစ်ခုပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးမှု အောက်တိုဘာ ၈ ရက် ည ၇ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ချမ်းအေးသာစံမြို့နယ်၊ ၃၅ လမ်း၊ ၅၈ လမ်း နှင့် ၅၉ လမ်းကြားရှိ Hotel Apex ၊ အပေါ်ဆုံးထပ်ရှိ Sky Bar သို့ အသက်၂၃နှစ်အရွယ်အမျိုးသားတစ်ဦး ရောက်ရှိလာပြီး ကောက်တေး တစ်ခွက်သောက်ကာ ခုန်ချခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ထိုသိုခုန်ချမှုကြောင့် ဟိုတယ်အောက်သို့ပြုတ်ကျသွားခဲ့ရာ မျက်နှာချိုင့်ဝင် ၊ မျက်လုံးစုက်ပြဲ၊ မေးစေ့စုတ်ပြဲ ဒဏ်ရာတို့အပြင် ရင်ဘက်ထိုးသွင်း ဒဏ်ရာနှင့် လက်ဖျံပြတ်ရှ ဒဏ်ရာတို့ပါ ပါရှိနေသဖြင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း ၊ အဆိုပါအမျိုးသားမှာမူ အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
READ NEXT
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
