အမေရိကန်ပီဇာလုပ်ငန်း Domino's သည် အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်တွင် အလုပ်ခေါ်ကြော်ငြာထောင်ပြီး မန်ယူနည်းပြ တန်ဟက်ဂ်ကို အကြီးအကျယ်လှောင်ပြောင်ခဲ့ကြောင်း သိရသည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၇) အပြီးတွင် ရမှတ် (၈) မှတ်ဖြင့် အဆင့် (၁၄) နေရာ ရောက်ရှိနေပြီး အသင်းသမိုင်းတစ်လျှောက် အဆိုးရွားဆုံးရာသီအစနှင့် ရင်ဆိုင်နေရသည်။ ထို့ကြောင့် မန်ယူနည်းပြ တန်ဟက်ဂ်မှာ အနာဂတ်လှုပ်ခတ်နေပြီး မကြာမီရာထူးက ထုတ်ပယ်ခံရမည်ဟု သတင်းထွက်နေသည်။
ယခုအခါ Domino's ပီဇာလုပ်ငန်းက မန်ယူအသင်း၏အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ် ကွင်းအပြင်ဘက်တွင် Van ကားဖြင့် အလုပ်ခေါ်ကြော်ငြာထောင်ကာ မန်ယူနည်းပြ တန်ဟက်ဂ်ကို လှောင်ပြောင်ခဲ့ခြင်းဖြစ်သည်။ Domino's ၏ အလုပ်ခေါ် ကြော်ငြာတွင် တန်ဟက်ဂ်၏ ရုပ်ပုံနှင့် "WE'RE HIRING (NOT YOU ERIK)" (ငါတို့ လူသစ်ခေါ်နေတယ်။ မင်းတော့ မဟုတ်ဘူး အဲရစ်(တန်ဟက်ဂ်)) ဟု ရေးသားထားခြင်းဖြစ်သည်။
Domino's သည် အိုးလ်ထရက်ဖို့ဒ်ကွင်းအပြင်ဘက်မှ အလုပ်ခေါ်ကြော်ငြာကို ၎င်းတို့၏ လူမှုကွန်ရက် X တွင်လည်း တင်ခဲ့ပြီး "ခင်ဗျား အနေနဲ့ ထိပ်တန်းအလုပ်အတွက် မှန်ကန်တဲ့လူ လိုပါတယ်"ဟု ရေးသားခဲ့သည်။ Domino's မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက "မန်ယူကစားပုံအရ သိပ်မကြာခင် တန်ဟက်ဂ် ပြုတ်တော့မှာပါ။ ကျွန်တော်တို့က ရလဒ်ကောင်းတဲ့လူတွေခေါ်ချင်တာဆိုတော့ တန်ဟက်ဂ်အတွက် စိတ်မကောင်းဘူး"ဟု ပြောကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
