တရားမဝင်ကုန်သွယ်မှုများမရှိစေရေးအတွက် ပြည်တွင်းသိုလှောင်ရုံများနှင့်ဈေးကွက်များအထိ တရားမဝင်ကုန်ပစ္စည်းများကို ဝင်ရောက်စစ်ဆေးသွားရမည်ဟု တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အောက်တိုဘာ ၉ ရက်မွန်းလွဲပိုင်းတွင် ကျင်းပပြုလုပ်ခဲ့သည့် ကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)တွင် မှာကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများကို နယ်စပ်ဒေသနှင့် ကုန်သွယ်မှုလမ်းကြောင်းပေါ်က တားဆီးစစ်ဆေးခြင်းအပြင် ပြည်တွင်းသိုလှောင်ရုံများနှင့် ဈေးကွက်များအထိ ဝင်ရောက်စစ်ဆေးအရေးယူရမည်ဟု မှာကြားသည်။
” ပြည်တွင်းက သယံဇာတပစ္စည်းများတွေကို တရားမဝင်ထုတ်လုပ်နေတာတွေကိုလည်း ထိထိရောက်ရောက်တားဆီးစစ်ဆေးအရေးယူရပါမယ်။ နိုင်ငံရဲ့ သယံဇာတပစ္စည်းတွေကို တရားမဝင်ထုတ်လုပ်မှုမရှိစေဖို့ တရားမဝင်ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် ပိုမိုတားဆီးစစ်ဆေးပြီး ဥပဒေနဲ့အညီ အရေးယူဆောင်ရွက်ရပါမယ် “ဟု ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။
အလားတူ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးလုပ်ငန်းများဆောင်ရွက်နေသည့် တိုင်းနှင့်ပြည်နယ်အလိုက်ရှိ တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့များသည် စစ်ဆေးရေးဂိတ်များတွင်မလိုလားအပ်သည့် ကုန်ကျစရိတ်များ၊ အချိန်ကြန့်ကြာမှုများမရှိစေရန် ကြပ်မတ်ဆောင်ရွက်ရမည်ဟုပြောသည်။
ထို့အပြင် တရားမဝင်ရှောင်ကွင်းလမ်းများတွင် ရှောင်တခင်စစ်ဆေးခြင်း၊ မဖြစ်မနေဖြတ်သန်းသွားလာမည့် နေရာများတွင် စနစ်တကျစစ်ဆေးခြင်းများပြုလုပ်ရမည်ဟု မှာကြားသည်။
ထို့ကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများအနေဖြင့် နိုင်ငံအတွက် ရိုးသားစွာတာဝန်ထမ်းဆောင်ရန် လိုအပ်ကာ တာဝန်ကျဝန်ထမ်းများကို ဦးဆောင်ရသည့် တာဝန်ခံအရာရှိများအနေဖြင့်လည်း စံနမူနာပြဦးဆောင်၍ ကိုယ်တိုင်ရိုးသားရန်လိုအပ်သည်ဟု မှာကြားခဲ့သည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
