ဒေါ့မွန်နှင့် လီဗာပူးလ်အသင်း နည်းပြဟောင်းဖြစ်သူ ယာဂန်ကလော့ပ်သည် သြစတြီးယားနိုင်ငံအခြေစိုက် Red Bull အားဖြည့်အချိုရည်လုပ်ငန်းစု၏ ကမ္ဘာလုံးဆိုင်ရာ ဘောလုံးအရာရှိချုပ်အဖြစ် ခန့်အပ်ခံရကြောင်း သိရသည်။
ကလော့ပ် (၅၇ နှစ်) သည် လီဗာပူးလ်အသင်းနှင့် ၂၀၂၆ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသော်လည်း ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ရာသီကုန်တွင် လမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် ကလော့ပ်က နည်းပြအနေဖြင့် ကမ္ဘာ့ဘောလုံးလောကမှ အနားယူတော့မည်ဖြစ်ကြောင်း ဇူလိုင် ၃၁ ရက်တွင် ESPN သတင်းဌာနသို့ အတည်ပြုပြောကြားထားသည်။
ကလော့ပ်သည် လီဗာပူးလ်အသင်းနှင့် လမ်းခွဲပြီးနောက် လပိုင်းအကြာမှာပင် Red Bull အုပ်စု၏ ဘောလုံးအရာရှိချုပ်အဖြစ် ခန့်အပ်ခံရခြင်းဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှစ၍ တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
Red Bull အုပ်စုသည် ဂျာမန်ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်၊ သြစတြီးယားဘွန်ဒစ်လီဂါကလပ် ရက်ဘူးလ်ဆာလ်ဇ်ဘာ့ဂ်၊ သြစတြီးယားဒုတိယတန်းကလပ် လီဖာရင်း၊ မေဂျာလိဂ်ကလပ် နယူးယောက်ရက်ဘူးလ်၊ ဘရာဇီးစီးရီးအေကလပ် ရက်ဘူးလ်ဘရာဂန်ချီနိုအသင်းတို့ကို ပိုင်ဆိုင်ထားပြီး အင်္ဂလန်ချန်ပီယံရှစ်ကလပ် လိဒ်စ်အသင်း၏ ရှယ်ယာအနည်းငယ်ကိုလည်း ဝယ်ယူထားသည်။
၎င်းတို့၏ထုတ်ပြန်မှုအရ ကလော့ပ်အနေဖြင့် နေ့စဉ်လုပ်ဆောင်မှုများတွင် ပါဝင်ရမည်မဟုတ်ဘဲ အသင်းများ၏ ကစားကွက်ပိုင်းဆိုင်ရာသီအိုရီ၊ အပြောင်းအရွှေ့ဗျူဟာ၊ နည်းပြပိုင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း သိရသည်။
''ကွင်းဘေးမှာ ကိုယ့်ကိုယ်ကို ဒီထက်ပိုပြီးမမြင်ရတော့ဘူးလို့ လွန်ခဲ့တဲ့လအနည်းငယ်မှာ ကျွန်တော်ပြောခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဘောလုံးကိုချစ်နေတုန်းပါပဲ။ အလုပ်လုပ်ရတာကို ကျွန်တော်နှစ်သက်နေတုန်းပဲ။ အဲဒီအတွက် Red Bull က ကျွန်တော့်ကို ပြီးပြည့်စုံတဲ့ပလက်ဖောင်းတစ်ခု ပေးခဲ့တာပါ။ နှစ်ပေါင်းများစွာ ကျွန်တော် စုဆောင်းထားတဲ့ အတွေ့အကြုံတွေကို မျှဝေပေးချင်ပါတယ်။ အပြင်လောကမှာ ပိုပြီးအောင်မြင်တဲ့မန်နေဂျာတွေ အများကြီးရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့နည်းပြဘဝမှာ တန်းတက်ခွင့်နဲ့ ဆုဖလားတွေအတွက် တိုက်ပွဲဝင်ခဲ့တယ်။ တစ်ခါတရံ ကျွန်တော်တို့ကျရှုံးတယ်၊ တစ်ခါတရံ ကျွန်တော်တို့အောင်မြင်တယ်။ အဲဒီလိုလုပ်ရတာ မလွယ်ပါဘူး။ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်တော် ထပ်ပြီးတော့ လေ့လာချင်တယ်။ ဘာလို့လဲဆိုတော့ အလုပ်ထဲမှာရှိတုန်းက သုံးရက်တစ်ကြိမ်လောက် ကစားရပြီး အချိန်သိပ်မရပါဘူး။ ဘောလုံးအတွက် ဘာက အသုံးဝင်လဲ၊ ဘောလုံးကို နည်းနည်းလောက် ဖွံ့ဖြိုးအောင် လုပ်ကြည့်ပြီး အဲဒါကို မြင်ချင်၊ ခံစားချင်၊ ပုံဖော်ကြည့်ချင်ပါတယ်'' ဟု ကလော့ပ်က Instagram မှတစ်ဆင့် ပြောကြားသည်။
ကလော့ပ်သည် Red Bull နှင့် လေးနှစ်စာချုပ် ချုပ်ဆိုထားပြီး ဂျာမနီလက်ရွေးစင်အသင်းအတွက် ကမ်းလှမ်းခံရပါက ထွက်ခွာခွင့်ပြုရမည့်အချက် ပါဝင်ကြောင်း သိရသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
