ဘိုလစ်ဗီးယား နှင့် ကိုလံဘီယာ (မြန်မာစံတော်ချိန် သောကြာနံနက် ၂း၃၀ နာရီ)
ကိုလံဘီယာအသင်းက နောက်ဆုံးကစားတဲ့ပွဲမှာ ကမ္ဘာ့ဖလားချန်ပီယံ အာဂျင်တီးနားကို အနိုင်ယူပြီး ကိုပါအမေရိကဗိုလ်လုပွဲ ရှုံးကြွေးကို ပူပူနွေးနွေးပဲ ဆပ်ထားနိုင်ခဲ့ပါတယ်။ တိုက်စစ်မှာ ဗီလာအသင်းက ဒူရန်သာ အခြေတကျဖြစ်သွားရင် လူးဝစ်ဒီယက်ဇ်၊ ဟာမီးရိုဒရီဂွက်ဇ်တို့နဲ့ ကြောက်စရာပိုကောင်းသွားလိမ့်မယ်။ ဘိုလစ်ဗီးယားအသင်းက နောက်ဆုံး (၂)ပွဲဆက် အနိုင်ကစားပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ပြန်ရှိလာတယ်။ ဘိုလစ်ဗီးယားမြေက ပြိုင်ဘက်တွေအတွက် မလွယ်ပေမဲ့ ကိုလံဘီယာ အမှတ်ရလိမ့်မယ်။
အီကွေဒေါ နှင့် ပါရာဂွေး (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)
ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံမှုတွေမှာ အပြန်အလှန်အနိုင်ယူတတ်တဲ့ အစဉ်အလာမျိုး ရှိနေတယ်။ အထူးသဖြင့် အိမ်ကွင်းအာသာချက်ကို အဓိကအားပြုပြီး ရလဒ်ကောင်းဖို့ စွမ်းဆောင်ထားနိုင်တာ တွေ့ရတယ်။ ကစားသမားတစ်ဦးချင်း ခြေစွမ်းအရတော့ ဒီနှစ်သင်းကြားမှာ ခြားနားချက် သိပ်မရှိပါဘူး။ အီကွေဒေါအသင်းက ဖြည်းဖြည်းမှန်မှန်ပဲသွားနေပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲ အိမ်ကွင်း (၄)ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ (၃)ပွဲအထိ အနိုင်ကစားထားခဲ့တယ်။ အိမ်ရှင် အီကွေဒေါအသင်းပဲ အနိုင်ရဖို့များပါတယ်။
ဗင်နီဇွဲလား နှင့် အာဂျင်တီးနား (မြန်မာစံတော်ချိန် သောကြာနံနက် ၃း၃၀ နာရီ)
အာဂျင်တီးနားအသင်းက နောက်ဆုံးကစားထားတဲ့ ခြေစစ်ပွဲမှာ ကိုလံဘီယာကို အရေးနိမ့်ပြီး ရှုံးပွဲပြန်တွေ့ထားခဲ့တယ်။ အခုခြေစစ်ပွဲတွေမှာတော့ အသင်းခေါင်းဆောင် မက်ဆီ ပြန်ပါလာမှာဖြစ်ပြီး ပွဲထွက်ကစား၊ မကစားတော့ မသေချာသေးပါဘူး။ အာဂျင်တီးနားအသင်းနည်းပြ စကာလိုနီက ခြေစစ်ပွဲအောင်ဖို့ ဖိအားမရှိတာကြောင့် နောက်ပိုင်းပွဲတွေမှာ ကစားကွက်ကို အမျိုးမျိုးစမ်းသုံးနေတာ တွေ့ရတယ်။ ဒါပေမဲ့ ကစားသမားပိုင်းကတော့ အဓိကအမာခံတွေကိုပဲ အများဆုံးအသုံးပြုနေတာဖြစ်တယ်။ ဗင်နီဇွဲလားအသင်း နောက်ဆုံးကစားခဲ့တဲ့ ခြေစစ်ပွဲ (၄) ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားပြီး ဒီ(၄)ပွဲမှာလည်း သွင်းဂိုးက (၁)ဂိုးပဲရှိခဲ့တယ်။ ဗင်နီဇွဲလားက အမှတ်ပိုလိုတဲ့ အသင်းဖြစ်ပေမဲ့ အာဂျင်တီးနားပေါ်မှာပဲ မူတည်ပါတယ်။ အာဂျင်တီးနား နိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။
ချီလီ နှင့် ဘရာဇီးလ် (မြန်မာစံတော်ချိန် သောကြာနံနက် ၆း၃၀ နာရီ)
ဘရာဇီးလ်အသင်းက ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ရလဒ်မကောင်းဖြစ်နေတယ်။ ခြေစစ်ပွဲနောက်ဆုံး (၆)ပွဲမှာ အီကွေဒေါတစ်သင်းကိုသာ အနိုင်ရပြီး (၅)ပွဲအထိ နိုင်ပွဲပျောက်ခဲ့ရတယ်။ လက်ရှိလူစာရင်းအရ ပါသင့်ပါထိုက်သူ အားလုံးနီးပါးကို ရွေးချယ်ထားပေမဲ့ ဘရာဇီးလ်အသင်းက ရှေ့၊ လယ်၊ နောက် ဟန်ချက်မညီသလို ဖြစ်နေတယ်။ တိုက်စစ်မှာ ရာဖင်ညာ၊ ရိုဒရီဂို၊ ဗင်နီစီယပ်စ်တို့နဲ့ ပွဲထွက်လာနိုင်ပြီး ၄-၃-၃ နဲ့ ၄-၂-၃-၁ ကို အလျဉ်းသင့်သလို အသုံးပြုသွားဖို့ရှိတယ်။ ဘယ်လိုပဲပြောပြော ဂုဏ်သိက္ခာအတွက်ရော ခြေစစ်ပွဲအောင်မြင်ဖို့အရပါ အခုလိုပွဲမျိုးကို ဘရာဇီးလ်အသင်း အနိုင်ကစားဖို့ လိုအပ်နေပါပြီ။ ချီလီအသင်းကတော့ လူငယ်မျိုးဆက်သစ်တွေ ထွက်မလာတော့ဘဲ တဖြည်းဖြည်းအင်အားလျော့လာတယ်။ ဘရာဇီးလ် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမှာပါ။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
