မြောက်ကိုရီးယားစစ်တပ်က အောက်တိုဘာ ၉ ရက်မှစတင်၍ တောင်ကိုရီးယားနှင့် ဆက်သွယ်ထားသော လမ်းများနှင့် မီးရထားလမ်းများကို အပြီးတိုင်ဖြတ်တောက်သွားကာ နယ်စပ်ရှိ ၎င်းတို့ဘက်ခြမ်းဒေသကို အင်အားခိုင်မာစေရန် ပြုလုပ်သွားမည်ဟု ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းတွင်ဖော်ပြထားသည်။
အဆိုပါကြေညာချက်သည် ကိုရီးယားနှစ်နိုင်ငံကို ပိုင်းခြားထားသည့် နယ်နိမိတ်အနီး တင်းမာမှုများကို ပိုမိုပြင်းထန်လာစေသည်။
မတော်တဆဖြစ်စဉ်များရှိသော်လည်း မြောက်ကိုရီးယားသည် ယခုနှစ်၏ လပေါင်းများစွာကြာ စစ်အင်အားထူထပ်သော နယ်စပ်တစ်လျှောက် မြေမြှုပ်မိုင်းများနှင့် အတားအဆီးများ ကို ချထားပြီး မြေရိုင်းနေရာတစ်ခုအဖြစ် ဖန်တီးထားကြောင်း တောင်ကိုရီးယားစစ်တပ်က ဇူလိုင်လတွင် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားက တောင်ကိုရီးယားတွင် ပြုလုပ်သော စစ်ရေးလေ့ကျင့်မှုများကို တုံ့ပြန်သည့်အနေဖြင့် ယင်းကဲ့သို့ ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားစစ်ဦးစီးချုပ်၏ကြေညာချက်ကို KCNA သတင်းက ဖော်ပြခဲ့သည်။
ကုလသမဂ္ဂစစ်ဘက်ဆိုင်ရာဌာန(UNC)ကို ထိုအကြောင်းအရာနှင့်ပတ်သက်၍ အသိပေးအကြောင်းကြားခဲ့သော်လည်း တောင်ကိုရီးယားကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်ထုတ်ပြန်ရန် ငြင်းဆိုခဲ့သည်။
တောင်ကိုရီးယားအနေဖြင့် မြောက်ကိုရီးယား၏ ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး UNC နှင့် အနီးကပ်ဆက်သွယ်ကာ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Ref:Reuters
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
