မုန်တိုင်းဒဏ်ခံထားရသော ဖလော်ရီဒါပြည်နယ်သည် အောက်တိုဘာ ၈ ရက်တွင် ပြင်းအားအဆင့်ငါးရှိသော မုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာသော မီလ်တန်ဟာရီကိန်း တိုက်ရိုက်ဝင်ရောက်တော့မည်ဖြစ်သောကြောင့် နှစ်ပေါင်းတစ်ရာတွင် အမေရိကန်ပြည်နယ် ဖလော်ရီဒါကို ထိခိုက်စေမည့် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ဖြစ်လာနိုင်သည်ဟူသော မုန်တိုင်းကို ဒေသခံများ ရှောင်ပြေးကြရန် သမ္မတဂျိုးဘိုင်ဒင်က တိုက်တွန်းခဲ့သည်။
သီတင်းပတ်ပေါင်းများစွာအတွင်း ဒုတိယမြောက် ဟာရီကိန်းမုန်တိုင်းကြီးသည် ဖလော်ရီဒါ၏အနောက်ကမ်းရိုးတန်းသို့ အုန်းအုန်းဒိုင်းဒိုင်းအသံများပြု၍ ချည်းကပ်လာနေသောကြောင့် ကျရောက်လာတော့မည့် ကပ်ဘေး၏အာရုံတို့ လွှမ်းမိုးခံထားရသော လူများသည် အိမ်များကို သစ်သားများဖြင့် ကာရံကာ ခိုင်ခံ့အောင် အမြန်ပြင်ဆင်ခြင်း၊ အလျင်အမြန် ထွက်ပြေးခြင်းတို့ရှိလာသည်။
“ဒါဟာ သေရေးရှင်ရေးကိစ္စဖြစ်ပါတယ်။ ဒါဟာ ပုံကြီးချဲ့ပြောနေတာ မဟုတ်ပါဘူး” ဟု သမ္မတဘိုင်ဒင်က အိမ်ဖြူတော်မှ ပြောကြားခဲ့ပြီး ရွှေ့ပြောင်းအမိန့်ထုတ်ခြင်းခံထားရသူများသည် ယခုအချိန်တွင် ယခုပဲ ထွက်ပြေးကြရန် တိုက်တွန်းခဲ့သည်။
ပထမဝင်ခဲ့သော ဟယ်လင်း မုန်တိုင်းကယ်ဆယ်ရေးဆောင်ရွက်ရာတွင် ရီပတ်ဘလီကင်ပါတီ ထောက်ခံသူများကို အကူအညီမပေးဟု ပြိုင်ဘက် ဒေါ်နယ်ထရန့်ပြောခဲ့သော စကားသည် မှားယွင်းပြောဆိုသော စကားဖြစ်ကြောင်း ဒီမိုကရက်တစ်သမ္မတလောင်းကာမလာဟဲရစ်က ပြောကြားခဲ့သောကြောင့် ရွေးကောက်ပွဲနီးလာစဉ် သမ္မတလောင်းနှစ်ဦး အငြင်းအခုံဖြစ်နေချိန် သမ္မတဘိုင်ဒင်၏ မုန်တိုင်းသတိပေးချက်ထွက်ပေါ်လာခြင်းဖြစ်သည်။
အောက်တိုဘာ ၈ ရက်တွင် မီလ်တန်သည် အမြင့်ဆုံးသတ်မှတ်သည့် ပြင်းအားအဆင့်ငါးရှိသော ဟာရီကိန်းမုန်တိုင်းအဖြစ် ပြန်လည်အားကောင်းလာခဲ့ပြီး အမြင့်ဆုံးလေတိုက်နှုန်းသည် တစ်နာရီကို ၁၆၅ မိုင် (တစ်နာရီကို ကီလိုမီတာ ၂၇၀)အထိ ရှိလာကြောင်း အမျိုးသားဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။
“မီလ်တန်ဟာ မက္ကဆီကို ပင်လယ်ကွေ့ အရှေ့ပိုင်းကို ဖြတ်ကျော်တဲ့အခါ ပြင်းအား အတက်အကျရှိနိုင်တယ်ဆိုပေမယ့် မုန်တိုင်းဟာ အောက်တိုဘာ ၉ ရက်ညမှာ ဖလော်ရီဒါအနောက်အလယ်ပိုင်းကမ်းခြေကို ရောက်လာတဲ့အခါ အန္တရာယ်များတဲ့ဟာရီကိန်းကြီးဖြစ်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု အမျိုးသားဟာရီကိန်းစင်တာက ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲတွင် ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှူး ရွန်ဒီဆန်းတစ်က အန္တရာယ်ရှိနေသော မြို့များနှင့် ကောင်တီများ၏အမည်များကို တစ်ခုပြီးတစ်ခုပြောကြားခဲ့သည်။
"အခြေခံအားဖြင့်တော့ ဖလော်ရီဒါကျွန်းဆွယ်တစ်ပိုင်းလုံးဟာ စောင့်ကြည့်ရမယ့်အမျိုးအစား ဒါမှမဟုတ် သတိပေးချက်ထုတ်ပြန်ထားရမယ့် အမျိုးအစားဖြစ်နေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သမ္မတဘိုင်ဒင်သည် ပြည်ထောင်စုအဆင့်တုံ့ပြန်ရေးကို ကွပ်ကဲရန် ဂျာမနီနှင့် အန်ဂိုလာတို့ကို သွားမည့် ခရီးစဉ်ကြီးများကို ရွှေ့ဆိုင်းကြောင်း ကြေညာထားသည်။
-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
