၂၀၂၄-ခုနှစ်၊ ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်သို့ သွားရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီးမှ အားကစားသမားများသည် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမနှင့် သတ်မှတ်အားကစားရုံများအတွင်း လေ့ကျင့်မှုများ လုပ်ဆောင်နေကြကြောင်း သိရသည်။
မြန်မာ့သိုင်း၊ ဗိုဗီနမ်၊ ခြင်းလုံး၊ ဘောလုံး၊ ဖူဆယ်နှင့် ကာယဗလနှင့်ကာယကြံ့ခိုင်မှု အားကစားသမားများမှ တိုင်းဒေသကြီးကိုယ်စားပြု ယှဉ်ပြိုင်သွားရန် လေ့ကျင့်နေကြခြင်းဖြစ်သည်။
အားကစားသမားများ လေ့ကျင့်နေမှုများကို အောက်တိုဘာလ (၉) ရက်၊ နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးကြောင်း သိရသည်။
“အားကစားနည်းများအလိုက်ဆုရရှိအောင် လေ့ကျင့်ကြိုးစားယှဉ်ပြိုင်သွားကြဖို့လိုအပ်ပါတယ်။ ပြိုင်ပွဲဝင်ကြမယ့် အားကစားသမားများအနေနဲ့ စစ်ကိုင်းတိုင်းဒေသကြီးဂုဏ်ကို အားကစားနဲ့ အစွမ်းကုန်မြှင့်တင်နိုင်ဖို့အတွက် အချိန်ကိုအကျိုးရှိရှိ အသုံးချလေ့ကျင့်သွားကြဖို့ လိုအပ်ပါတယ်”ဟုဝန်ကြီးချုပ် ဦးမြတ်ကျော်က အားပေးတိုက်တွန်းခဲ့ကြောင်းလည်း သိရသည်။
ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်ကြီးကို လာမည့်ဒီဇင်ဘာလအတွင်း ခမ်းနားစွာ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်နေပြီး ဝန်ကြီးဌာနအဆင့် အားကစားနည်း ၆ နည်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် အားကစားနည်း ၂၃ နည်း၊ မသန်စွမ်းအားကစားနည်း ၄ နည်း ထည့်သွင်းကျင်းပမည် ဖြစ်ကြောင်း သိရသည်။





-
မြောက်ဦးမြို့နယ်တွင် တပ်မတော်နှင့် AA အဖွဲ့ အချိန်ကြာမြင့်စွာ တိုက်ပွဲဖြစ်ပွားရာ၌ တပ်မတော်ဘက်က စစ်သည်အချို့ ကျဆုံးပြီး AA ဘက်မှ အလောင်းအချို့နှင့် သေနတ်ခြောက်လက် သိမ်းဆည်းရမိခဲ့ကြောင်း တပ်မတော်ပြောကြား

-
မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီးတွင်ဖြစ်ပွားခဲ့သော တပ်မတော်နှင့် AA အဖွဲ့တိုက်ပွဲအတွင်းAA အလောင်းကိုးလောင်းရရှိခဲ့ပြီး တပ်မတော်က နယ်မြေလုံခြုံရေးဆောင်ရွက်နေကြောင်း သတင်းထုတ်ပြန်

-
မြန်မာနိုင်ငံတွင် ပြည့်စုံသော ဒီမိုကရေစီကို အသွင်ပြောင်းရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရမည် ဖြစ်သော်လည်း လာမည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဖြစ်နိုင်ခြေ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

-
အဲဗာတန်အားရှုံးနိမ့်ခြင်းမှာ ပျင်းရိခြင်းကြောင့်ဟု ဝေဖန်ခဲ့သော မော်ရင်ဟိုကို စပါးကစားသမားများ မကျေမနပ်ဖြစ်နေပြီး စုပေါင်းပုန်ကန်ဖွယ်ရှိ

-
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပရီးမီးယားလိဂ်အသင်းများ ရုပ်သံဝင်ငွေ(၁၀.၇%)စီ ပြန်ပေးရမည်ဖြစ်ပြီး လီဗာပူးလ် အနစ်နာဆုံးဖြစ်
